May 20, 2012

ယာဉ်နံပါတ် ၁ဃ အက္ခရာ စတင်ထုတ်ပေး

ကားအဟောင်း ၃၅၀၀၀ ကျော်အပ်နှံပြီး၊ သွင်းကုန်လိုင်စင်ထုတ်ပေးသောကား ၂၈၀၀၀ ကျော်ကာ၊ အကောက်ခွန်စစ်ဆေးပြီးကား ၁၆၀၀၀ ကျော်

ရန်ကုန်၊ ဖေဖော်ဝါရီ- ၂၁

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးသော ကားနံပါတ် (မူသေနံပါတ်)မှာ ၉ဂ/ အက္ခရာနံပါတ်ကုန်၍ ၁ဃ/အက္ခရာနံပါတ်ဖြင့် ထုတ်ပေးနေ
ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကညနရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၉ဂ/အက္ခရာဖြင့် ထုတ်ပေးသော ကားအစီးရေသည် ဖေဖော်ဝါရီ ၁၃ ရက်ကုန်၍ ၁ဃ/ အက္ခရာဖြင့် ထုတ်ပေးသော ကားအစီးရေမှာ ဖေဖော် ၀ါရီ ၁၇ ရက်ထိ
၂၇၂၈ စီးရှိ ပြီဖြစ်သည်။ ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေးအစီအစဉ်နှင့် နိုင်ငံခြားငွေရှိသူများ ကားတင်သွင်းခွင့်ပြုသည့် အစီအစဉ်များအရ မှတ်ပုံတင်နံပါတ်ထုတ်ပြီး ကားအစီးရေ ၁၄၅၉၀ စီးရှိပြီဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောသည်။
    
“၁၃ ရက်နေ့က (ဖေဖော်ဝါရီ ၁၃)၉ဂ/ ကုန်တာနဲ့ ၁ဃ/ ကို၁၃ ရက်နေ့ခင်းမှာပဲ ချက်ချင်းထုတ်ပေးတာ”ဟု   ရန်ကုန်တိုင်းဒေသကြီး ကညနရုံးချုပ်မှ တာဝန် ရှိသူတစ်ဦးကပြောသည်။မြန်မာတစ်နိုင်ငံလုံးတွင် ယခုလ ၁၇ရက်ထိ ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေး အစီအစဉ်အရ လာအပ်သော ကားအစီးရေ ၃၅၇၅၈ စီးရှိပြီး “ဒ”အက္ခရာသို့ ရောက်နေပြီဖြစ်သည်။ သွင်းကုန်ပါမစ်ထုတ် ပေးခဲ့သော အစီးရေ ၂၈၁၆၅ စီးရှိကာ သွင်းကုန်လိုင်စင်ယူပြီး ကားအစီးရေအတွက် ၁၄၆၂၃ စီးရှိပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ပမှ တင်သွင်းသောကားများကို အကောက်ခွန်ဦးစီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်ထိ စည်းကြပ်ဆောင်ရွက်ပေးမှုမှာ အိမ်စီးကား ၁၅၆၀၉ စီး၊ ဘတ်စ်
ကား ၁၆၀ စီး၊ ကုန်တင်ယာဉ် ၄၀၈ စီးတို့ဖြစ်ပြီး စုစုပေါင်း ၁၆၁၇၇ စီး ဆောင် ရွက်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှသိရှိရသည်။