မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးအတွက်အမှန်တကယ် တိုး တက်မှုများဖြစ်ပေါ်နေပြီဖြစ်သော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွှတ်ပေးရေးအပါအ၀င် အခြားသော ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်လိုအပ်နေသေးကြောင်း အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ကတိုက်တွန်းပြော ကြားလိုက်ကြောင်းသိရသည်။
အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် ဟိုနိုလူလူတွင် ကျင်းပပြုလုပ်နေသော APEC အစည်းအဝေးပြင်ပတွင် ဟီလာရီက သတင်းထောက်များသို့အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
““ပြည်တွင်းမှာ တကယ့်ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်နေပါပြီ။ ပြုပြင်ပြောင်းလဲမှုရဲ့အစပိုင်း ဒီကြိုးပမ်းမှုတွေကို ကျွန်မတို့ ထောက်ခံပါတယ်””ဟု သူမက သတင်းထောက်များသို့ပြောကြားသည်။
အမေရိကန်အနေဖြင့်ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများလွှတ်ပေးရေး၊ တိုင်းရင်းသားလူနည်းစုဒေသများတွင်ဖြစ်ပွားနေသော သဘောထားကွဲလွဲမှုများအဆုံးသတ်ရေးကို ဆက်လက် တောင်းဆိုတိုက်တွန်းသွားမည်ဖြစ်ကြောင်းလည်း သူမကဆက်လက် ပြောသည်။
ယခုရက်ပိုင်းအတွင်း နိုင်ငံတော်သမ္မတက တတိယအကြိမ် မြောက်လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံထုတ်ပြန်ရန်ရှိနေကြောင်း သတင်းများထွက်ပေါ်နေပြီး နိုင်ငံရေးအကျဉ်းသားမိသားစုများက လည်း ထိုသတင်းကြောင့် မျှော်လင့်နေကြသည်။
အကျဉ်းသားများလွှတ်ပေးရေးကိစ္စကို မြန်မာနိုင်ငံသို့ ယခု ရက်ပိုင်းအတွင်း လာရောက်ခဲ့ကြသောကုလသမဂကိုယ်စားလှယ်အပါအ၀င် နိုင်ငံတကာဧည့်သည်များကတောင်းဆိုထားကြပြီး နိုင်ငံတော်သမ္မတကလည်းဖွဲ့စည်းပုံအခြေခံဥပဒေပါအပ်နှင်းထား သည့် အခွင့်အာဏာအတွင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတက လွှတ်တော်နှစ်ရပ်သို့ပေးပို့သော သ၀ဏ်လွှာ တွင် ကတိပြုထားကြောင်း အောက်တိုဘာ ၁ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
သမ္မတဦးသိန်းစိန်လက်ထက် ပထမဆုံးအကြိမ် လွတ်ငြိမ်းချမ်း သာခွင့်ကို မေ ၁၆ ရက်က ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း အကျဉ်းသား ၁၄\၀၀၀ ကျော်ပါဝင်ခဲ့ကာ ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်ထုတ် ပြန်သော လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းသား ၆\၀၀၀ ကျော်ပါ ၀င်သည်။
နောက်ဆုံးထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ၂၀၀ ဦးခန့်ပါဝင်ခဲ့သည့်အတွက် နောက်တစ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ကို မိသားစုဝင်များက မျှော်လင့်နေကြခြင်းဖြစ်သည်။
—Ref: AFP


