May 20, 2012

ရခိုင်မဟာမုနိ ဘုရားပွဲတော် ကျင်းပမည်

7Day News Journal
စစ်တွေ၊ ဖေဖော်ဝါရီ-၈

မင်းသိန်းအောင်
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ အထင်ကရသမိုင်းဝင် သီရိဂုတ္တကုန်းတော်ထက်တွင် ကိန်းဝပ်စံပယ်လျက်ရှိသည့်မဟာမုနိဘုရားကြီးပွဲတော်ကို လာမည့်မတ်လ ၅ရက်မှ ၇ရက်နေ့အထိ အစဉ်အလာမပျက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မဟာမုနိဘုရားကြီးမှာ ကျောက်တော်မြို့၏ အရှေ့ဘက် ငါးမိုင်ခန့်အကွာ စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်တွင်တည်ရှိပြီး ဓည၀တီခေတ်၊ မဟာသက္ကရာဇ် ၁၂၃ ခုနှစ်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ရင်ငွေ့တော်ဖြင့် သွန်းလုပ်ပူဇော်ခဲ့သည့် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည်။ ထို့ကြောင့် နှစ်စဉ်ဘုရားပွဲတော်ရက်များအတွင်း ပြည်တွင်းဘုရားဖူး
များအပြင် ကမ္ဘာလှည့်ခရီးသည်များပါ လာရောက်ကြည့်ရှုလေ့လာကြကြောင်း သိရသည်။