May 20, 2012

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးတိုးမြှင့်ထား

Photo
ရန်ကုန် ဖေဖော်ဝါရီ - ၉

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို  ဖေဖော်ဝါရီလ ၇ ရက်မှစ၍ လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းရရှိသည်။

“ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်)နဲ့ လူနဲ့တိုက်ပြီး သေသေချာချာစစ်တာတို့၊ အိတ်တွေကို သေသေချာစစ်တာတို့ လုပ်တာပါ”ဟု လေကြောင်းလိုင်းမှ မန်နေဂျာတစ်ဦးကပြော သည်။ထို့အပြင် ပြည်တွင်းခရီးစဉ်များတွင် ဧည့်သည်များအား မှတ်ပုံတင်နှင့်လူအား သေသေချာချာတိုက်ဆိုင်စစ်ခြင်းနှင့် အိတ်များအား စနစ်တကျစစ်ဆေးခြင်းများ ပြုလုပ်ထားကြောင်း ပြည်တွင်းခရီးစဉ်ပျံသန်းပေးနေသော လေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ခရီးသွားဧည့်သည်များမှာ ပုံမှန်သာသွားလာ လျက်ရှိပြီး လေယာဉ်ခရီးစဉ်များအား ပုံမှန်ပျံသန်းလျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း( MAI ) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “၉ ရက်အတွက်
ဘန်ကောက်သွားချင်လို့ လက်မှတ်ဝယ်တာ ၈ ရက် ညနေအထိမရသေးဘူး”ဟုရန်ကုန်မြို့မှ ဘန်ကောက်သို့သွားမည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ၂၀၁၀ ခုနှစ် ခရီးသွားရာသီမှစ၍ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုများခဲ့ပြီး လေကြောင်းလိုင်းများ အလုပ်ဖြစ်ခဲ့ကြသည်။