(၂၆)ကြိမ်မြောက် ဆီးဂိမ်းအမျိုး သားဘောလုံးပြိုင်ပွဲ၏ အကြိုဗိုလ် လုပွဲတက်ရောက်ခွင့်သေချာနေပြီ ဖြစ်သည့် မြန်မာယူ-၂၃ အသင်း သည် ဖိလစ်ပိုင်အသင်းအား အနိုင်ရရှိပြီးသည့် ပွဲစဉ်အထိ ဆု ကြေးငွေ အမေရိကန်ဒေါ်လာ ခုနစ်သောင်း ရရှိထားသည်။
မြန်မာအသင်းပွဲဦးထွက် လာအိုအသင်းအားအနိုင်ရရှိ သည့် ပွဲစဉ်အပြီးတွင် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်တို့က အမေရိကန်ဒေါ်လာ တစ်သောင်းစီ (စုစုပေါင်း ဒေါ်လာသုံးသောင်း)ချီးမြှင့်ခဲ့သည်။
ထို့ပြင် ဦးအောင်ကိုဝင်းနှင့် ဦးဇော်ဇော်တို့က မြန်မာအသင်း အနိုင်ရရှိမည့် ပွဲစဉ်တိုင်းအတွက် အမေရိကန်ဒေါ်လာ တစ်သောင်း စီ(စုစုပေါင်း ဒေါ်လာနှစ်သောင်း) ချီးမြှင့်သည့်အတွက် ဖိလစ်ပိုင် အသင်းအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်အပြီး သုံးပွဲနိုင်တစ်ပွဲသရေ ရလဒ်အထိမြန်မာအသင်းအနေ ဖြင့် ချီးမြှင့်ငွေ ဒေါ်လာ ခုနစ် သောင်းရရှိထားပြီဖြစ်သည်။
မြန်မာ့ဘောလုံး ဆုကြေး စားစနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့ သော ၂၀၀၉ ခုနှစ်တွင် ကျင်းပ ခဲ့သည့် လာအိုဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းမှာ အုပ်စု မှထွက်ခဲ့ရပြီး အောင်မြင်မှု မရရှိခဲ့ပေ။ ယခုနှစ် အင်ဒိုနီးရှားဆီး ဂိမ်းပြိုင်ပွဲတွင်မူ မြန်မာအသင်း အနေဖြင့် အကြို ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရရှိနေပြီဖြစ်ပြီး အောင်မြင်မှုရရှိပါက ဆုကြေးငွေများဆက်လက်မျှော်လင့်နိုင် ပြီဖြစ်သည်။
မြန်မာယူ-၂၃ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အနီးစပ်ဆုံး အောင်မြင်မှုအဖြစ် ၂၀၀၇ ခုနှစ် ထိုင်းဆီးဂိမ်းပြိုင်ပွဲ၌ ဗိုလ်လုပွဲ အဆင့်ထိရောက်ရှိခဲ့သည်။


