လွိုင်ကော်မြို့ကန္တွာရ၀တီ နှစ်ထပ်ဈေးတွင် ပြီးခဲ့သည့် ဇန်န၀ါရီ ၃၁ ရက်ညနေက မီးလန့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်ပွားပုံမှာ အဆိုပါရက် ညနေ ၆ နာရီ ၁၀ မိနစ် အချိန်ခန့် က လွိုင်ကော်မြို့ ကနာရ၀တီ နှစ် ထပ်ဈေးအပေါ်ထပ်တွင် နေထိုင် သော အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကြက်ဥကြော်ရန် ဒယ်အိုးအတွင်း ဆီထည့်ကာလျှပ်စစ်မီးဖိုပေါ်၌ တည်ထားစဉ် ဒယ်အိုးအတွင်း မီးတောက်လောင်ပြီးအနီးရှိ ပြတင်းပေါက်မှ ခန်းဆီးလိုက်ကာအား မီးကူးစက်လောင်ကျွမ်းခဲ့သည်ဟု ဆိုသည်။ အချိန်မီသိရှိ၍ ၎င်းကိုယ်တိုင် မီးငြှိမ်းသတ်နိုင်ခဲ့သည် ဟုဆိုသည်။
ထိုဖြစ်ရပ်တွင် ခန်းဆီးလိုက်ကာ မီးလောင်ကျွမ်း၍ဆုံးရှုံးမှုတန် ဖိုး ၁၅၀၀၀ ကျပ် ဖြစ်ပေါ်ခဲ့ကြောင်းနှင့် လွိုင်ကော်ရဲစခန်းက (ပ)၂၂/၂၀၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူကြောင်း သိရသည်။


