May 20, 2012

သက်ဆိုင်ရာက လကုန်စည်ဈေးနှုန်းများကို တစ်ပတ်တစ်ကြိမ် လိုက်လံစစ်ဆေးတော့မည်ဟုဆို

ရန်ကုန်၊ ဇန်န၀ါရီ-၆

ရန်ကုန်မြို့အတွင်း ရောင်းချပေးနေသော ဈေးဆိုင်များတွင် ပေါက်သောဈေးနှုန်းများနှင့် ဈေးဝယ်စင်တာကြီး များရှိ ဆိုင်များတွင် ရောင်းချပေးနေသော ဈေးနှုန်းများအား တစ်ပတ်တစ်ကြိမ် သက်ဆိုင်ရာက လိုက်လံစစ်ဆေး တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

    လိုက်လံစစ်ဆေးမည့်အဖွဲ့တွင် မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ မြို့တော်စည်ပင်နှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှတာဝန်ရှိသူများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
    ““ဘယ်ရက် စစစ်မယ်ကိုတော့ မပြောသွားဘူး။ တစ်ပတ်တစ်ရက်၊ တစ်လလေးကြိမ် စစ်မယ်လို့ ပြီးခဲ့တဲ့အပတ်က အစည်းအဝေးခေါ်ပြီးပြောတာပါ””ဟု အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဈေးဝယ်စင်တာမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထိုကဲ့သို့ လိုက်လံစစ်ဆေးရာတွင် ရောင်းချနေသောကုန်ပစ္စည်းများ၏ဈေးနှုန်းများအား အဓိကစစ်ဆေးမည်ဖြစ်ပြီး တစ်ပတ်နှင့်တစ်ပတ် မည်မျှကွာခြား လျက်ရှိသည်ကို အဓိကစစ်ဆေးသွားရန်ရှိနိုင်ကြောင်း 
စားသောက်ကုန်နှင့်လူသုံးကုန်ရောင်းချသူအချို့က သုံးသပ်ကြသည်။
        လက်ရှိ ဈေးဝယ်စင်တာကြီးများ၌ ဖွင့်လှစ်ရောင်းချသောပစ္စည်းများတွင် အခွန်တံဆိပ်ကပ်၍ ရောင်းချရန် ညွှန်ကြားထားသော အရက်နှင့် စီးကရက်များအား သက်ဆိုင်ရာက လိုက်လံစစ်ဆေးလျက်ရှိသည်။ ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ၊ တရုတ် ယွမ်ငွေ၊ စင်ကာပူဒေါ်လာနှင့် ထိုင်းဘတ်ငွေတန်ဖိုးများ ကျဆင်းနေသော် လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာမူ ဈေးမကျဘဲရှိနေကြောင်း သိရှိရသည်။