May 20, 2012

သဘာဝရှုခင်းတွေ တစ်ဝကြီးခံစားနိုင်မယ့် မြစ်ကြီးနားဒေသ

Photo
ရန်ကုန်၊ ဇန်န၀ါရီ-၆

မြို့ပြရဲ့ မွန်းကျပ်မှုနဲ့ အလုပ်များ ဖြင့်ဖိစီးပြီး ထွက်ပေါက်ရှာ အပန်း ဖြေသူတွေအတွက် အေးချမ်းသာ ယာလှပတဲ့ ကချင်ပြည်နယ် မြစ် ကြီးနားမြို့ကို လမ်းညွှန်လိုက်ပါ တယ်။ အေးချမ်းလှတဲ့ ဆောင်း ရာသီမှာ စိတ်ပင်ပန်းမှုကို ဖြေ ဖျောက်ဖို့ ခရီးရက်ရှည်ထွက်ရင်း အပန်းဖြေလိုသူများအတွက် မြစ် ကြီးနားမြို့ကို သွားလည်မယ်ဆိုပါ က မန္တလေးမြို့မှတစ်ဆင့် ကြိုက် နှစ်သက်ရာခရီးစဉ်ကို ရွေးချယ် သွားလာနိုင်ပါတယ်။

    ကုန်းလမ်းခရီးနဲ့ သွားမယ် ဆိုရင် မီးရထားဖြင့် သွားလာနိုင် ပါတယ်။ မီးရထားလမ်း တစ် လျှောက်မှာတော့ လယ်ကွင်းတွေ ကိုဖြတ်တိုက်လာတဲ့ လေနုအေးကို သင်ခံစားနိုင်ပါတယ်။ ပူပြင်း ခြောက်သွေ့တဲ့ မြေလတ်ပိုင်းအလှများနဲ့ အအေးပိုင်းရှိ  ကချင်ပြည်နယ်၏ တောတောင် အလှများကို ပေါင်းစပ်ခံစားနိုင်ပါတယ်။
    မီးရထားနဲ့ သွားရင် တစ် ညအိပ်ခရီးဖြင့် မြစ်ကြီးနားကို ရောက်နိုင်ပါတယ်။ ဒါပေမဲ့ အပန်းဖြေ ခရီးသက်သက်သာဆို ရင်တော့ ဧရာဝတီမြစ်အလှကို ခံစားနိုင်ဖို့ ရေလမ်းခရီးကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်။ မြန်မာနိုင်ငံကိုလာရောက် အပန်း ဖြေကြတဲ့ ကမ္ဘာ့လှည့်ခရီးသွား များကတော့ ရေလမ်းခရီးကို အများဆုံး ရွေးချယ်ကြပါတယ်။
    ရေလမ်းခရီးနဲ့ သွားလာလို ရင်တော့ မန္တလေးမြို့ အနောက် ဘက်ရှိ ဂေါဝန်ဆိပ်ကမ်းတွင် သင်္ဘောလက်မှတ်ဝယ်ရပါတယ်။ သင်္ဘောလက်မှတ်ခ ဈေးမကြီးပါ ဘူး။ သို့ပေမဲ့ ရေလမ်းခရီးနဲ့    သွားရင် သင်္ဘောပေါ်မှာ သုံးရက် နဲ့နှစ်ညကြာမြင့်မှာမို့ အခန်းရရှိ ဖို့က အရေးကြီးဆုံးပါပဲ။ အခန်း မရရင်တော့ အေးလွန်းလှတဲ့ ရာ သီဥတုဒဏ်ကို အလူးအလဲခံရ မှာမို့ အဆင်မပြေလှပါဘူး။
    မြစ်ကြောင်းတစ်လျှောက် မှာတော့ စက်ခိုးငွေ့၊ မီးခိုးငွေ့များ ဝေတဲ့မြို့ပြရနံ့နဲ့ မတူတဲ့ သန့်ရှင်း လတ်ဆတ်တဲ့ လေနုအေးကို ခံစားနိုင်ပါတယ်။ သင်္ဘောဆိုက်ကပ်ချိန် အလုအယက် အပြေး လာရောက်ရောင်းချတဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ၏ အရသာစုံဟင်းလျာကို မြည်းစမ်းလိုပါက မြည်းစမ်းနိုင်ပါတယ်။ သင်္ဘောပေါ်မှာ ပိုက်ဆံ သုံးရာနဲ့ထမင်းစားလို့ရနိုင်ပြီး ဈေးသက်သာတဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေလည်း ရှိပါသေးတယ်။
    အရွယ်စုံ၊ ဘ၀ပေါင်းစုံလူနေမှုဘ၀ကို သင်လေ့လာလို့ပါက လေ့လာနိုင်ပါတယ်။ အ ကယ်၍ မြန်မာနိုင်ငံရဲ့ ဂုဏ်ယူ ဖွယ်ရာ ဇီဝမျိုးစိတ်တစ်ခုဖြစ်တဲ့ ဧရာဝတီလင်းပိုင်ကို ကိုယ်တွေ့ မြင်ဖူးလိုပါက ဗန်းမော်မြို့ အောက်ဖက်၊ ကသာမြို့အောက်ဘက်၊ ရှိုန်းမကား၊ မင်းကွန်းနယ် တစ်ဝိုက်မှာတွေ့နိုင်ပါတယ်။ သင်ရိုးထဲတွင်သာကျက်မှတ်ခဲ့ရတဲ့ ဧရာဝတီမြစ်၏ မြစ်ကျဉ်းအလှများကိုလည်း ခံစားနိုင်ပါတယ်။
    ဒုတိယမြစ်ကျဉ်းဟာ နာရီ အားဖြင့် တစ်နာရီကျော်ရေယာဉ် မောင်းနှင်ရပါတယ်။ ပေ ၄၀၀၀၊ ၅၀၀၀ ရှိသော သဘာဝကျောက်ဆောင်များမှ သင်္ဘောကြီးဖြတ်သန်းသည့်အခါ အေးစက်တဲ့အထိအတွေ့ကို သိသာစွာခံစားရပါတယ်။ ရေလမ်းခရီးကို ရွေးချယ်ပါက ဗန်းမော်မှာ တစ်ညအိပ်ပြီးကားဖြင့်မြစ်ကြီးနားမြို့သို့ ၈ နာရီကားစီးရုံနဲ့ ရောက်နိုင်ပါတယ်။ ဗန်းမော်မြို့မှ မြစ်ကြီးနားသို့ သွားရာလမ်း တစ်လျှောက်မှာတော့ မြေလိမ်မြေကောက်လမ်းကို သင်ကိုယ်တိုင် ခံစားရှုမြင်နိုင်မှာဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကို ရောက်ရှိ ပြီဆိုရင် ကချင်ပြည်နယ်နေ့ အ ထိမ်းအမှတ် မနောတိုင်များကို လေ့လာလိုပါက လေ့လာနိုင်ပါ တယ်။ ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ မေခ၊ မေလိခပေါင်းဆုံရာ ဧရာ ၀တီမြစ်ရဲ့ အစကိုလည်း သွား ရောက်လည်ပတ်နိုင်ပါတယ်။ မြစ်ဆုံမှ အမှတ်တရ ကျောက်ခဲ ကောက်ပြီး သင်နှစ်သက်သောသူကို ပေးပါက ဆုံစည်းနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
    မြစ်ကြီးနားမြို့ကို ရောက်ရင်ညနေအချိန် ဆည်းဆာအလှခံစားရင်း ဧရာဝတီမြစ်ကမ်းနံဘေးက ဈေးဆိုင်များမှာ ကချင်ခေါင်ရည်၊ ကချင်ရိုးရာ စားစရာတစ်ခုခုကိုမှာပြီးအပန်းဖြေစားသောက်နိုင်ပါတယ်။ ကချင်အမျိုးသား၊ အမျိုးသမီးတစ်ယောက်ကို သင်နှုတ်ဆက်လို့ပါက ““ဂဂျားအီ””(မင်္ဂလာပါ) လို့ နှုတ်ဆက်နိုင်ပါတယ်။ သင်က သူတို့ကို ကချင်ဘာသာစကားဖြစ်တဲ့ “ကျေးဇူးကမ္ဘာဆိုင်းရော့” လို့ပြောရင် သူတို့နှစ်သက်သဘောကျစွာ ရယ်မောပါလိမ့်မယ်။ ကချင်ပြည်နယ်မှ အပြန် အိမ်ပြန်လက်ဆောင် ပါသွားချင် ရင်တော့ ကချင်ရိုးရာ လုံချည်ဆိုင် ကို ၀င်သွားဖို့ မမေ့ပါနဲ့။ မြစ်ကြီး နားမှ ဆက်လက်၍ သွားလိုရင် တောင်ပေါ်ပင်လယ်ဖြစ်တဲ့ မြန် မာနိုင်ငံ၏ အကြီးဆုံးအင်းတော် ကြီးကန်ကို ထပ်မံသွားနိုင်ပါတယ်။ အင်းတော်ကြီးဘုရားကို သွားဖူး မယ်ဆိုရင်တော့ လမ်းခရီးတစ် လျှောက် ဖုန်ထူလို့ နှာခေါင်းစည်း ဆောင်ဖို့ မမေ့ပါနဲ့လို့ မှာချင်ပါတယ်။     ။