May 20, 2012

သယံဇာတကျိန်စာ ရှောင်လွှဲနိုင်ဖို့ရာ

Photo

လစ်ဗျားနိုင်ငံသားတွေဟာ ဘ၀သစ် ပိုင်ဆိုင်လာခဲ့ပါပြီ။ နောက်ဆုံးမှာတော့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ပြီဆိုတဲ့ ခံစားချက်တွေရှိလာပြီ။ ဆယ်နှစ်ကြာခဲ့တဲ့စစ်ပွဲပြီး
ဆုံးသွားချိန်မှာအီရတ်နိုင်ငံသားတွေလည်း အလားတူ ခံစားမိကြပါလိမ့်မယ်။ နှစ်နိုင်ငံစလုံးက ရေနံထုတ်လုပ်တဲ့နိုင်ငံတွေပါ။ ဒါနဲ့အတူ ချမ်းသာကြွယ်ဝမှုတွေဟာ သူတို့ လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ရာမှာ ကြီးမားတဲ့အားသာချက်ကြီးဖြစ်လိမ့်မယ်ဆိုတဲ့ နိုင်ငံသားတွေရဲ့ မျှော်မှန်းချက်လည်းရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ အာဖရိကတိုက်မှာ ဂါနာနိုင်ငံက ရေနံကို ပထမဦးဆုံးအကြိမ် စတင်ထုတ်လုပ်နေပါပြီ။ တကယ်တော့ အနောက်အာဖရိကကနေ မွန်ဂိုလီးယားအထိ နိုင်ငံများစွာပဲ ရေနံနဲ့သဘာဝတွင်းထွက်ပစ္စည်းချမ်း သာကြွယ်ဝမှုတွေ အမြောက်အမြား ရှာဖွေတွေ့ရှိလာကြတယ်။ ကမ္ဘာ့ဈေးကွက်မှာ ရေနံနဲ့ သဘာဝတွင်းထွက်ပစ္စည်းဈေးနှုန်းတွေ စံချိန်တင်ဈေးနှုန်းရောက်လာခဲ့တာကလည်း “ထောပြီ၊ ပွပြီ” ဆိုတဲ့ ခံစားချက်တွေကို ပိုပြီးမြှင့်တင်ပေးလိုက်ပါတယ်။

နိုင်ငံများစွာပဲ ဒီလိုအနေအ ထားမျိုးရရှိခဲ့ဖူးပါတယ်။ သဘာဝအရင်းအမြစ် သိန်းဆု၊ သန်းဆုတွေပေါက်ပြီး ရင်ခုန်လှိုက်မောမှင်တက်ခဲ့ရာကနေ ဒီစန်းပွင့်မှုဟာ စိတ်ပျက်စရာ အဆုံးသတ်သွားပြီး အခွင့်အရေးကို အလဟဿဖြုန်းတီးမိရာကနေ နိုင်ငံသားတွေအတွက်လည်း ပိုကောင်းတဲ့ ဘ၀အခြေအနေရောက်ရှိအောင် မလုပ်ဆောင်နိုင်ခြင်းဖြစ် ပါတယ်။ သို့သော်လည်း လစ်ဗျားမှာပဲဖြစ်ဖြစ် ဂါနာမှာပဲဖြစ်ဖြစ် ဒီနေ့ခေတ်နိုင်ငံရေးခေါင်းဆောင်တွေအတွက် အားသာချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ခေါင်း ဆောင်တွေဟာ သမိုင်းကိုသတိပြု မိထားကြပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သဘာဝအရင်းအမြစ် သယံဇာတကျိန်စာကို ဘယ်လိုရှောင်လွှဲရမလဲဆိုတာ သိချင်ကြတယ်။ ဆေးကုသဖို့ရာအတွက် ပထမဦးဆုံး ဘာရောဂါဖြစ်တာလဲဆိုတာ ဖော်ထုတ်ရပါတယ်။ ဘာကြောင့်များ ရေနံကြယ်ဝ ချမ်းသာမှုဟာ ကောင်းချီးပေးတာဖြစ်နိုင်သလို မကြာခဏဆိုသလို ကျိန်စာတိုက်သလိုဖြစ်နေရတာ လဲ။

စီးပွားရေးပညာရှင်တွေကတော့ သဘာဝအရင်းအမြစ်တွင်းထွက်တွေ တင်ပို့ရောင်းချတဲ့နိုင်ငံတွေအပေါ်ကျရောက်နိုင်တဲ့ အန္တရာယ်ထောင်ချောက်ခြောက်ခုကို ဖော်ထုတ်ထားပါတယ်။ (မိမိထုတ်ရောင်းသော သဘာဝရင်းမြစ်)ကုန်ပစ္စည်းရဲ့ ဈေးနှုန်းအပြောင်းအလဲအတက်အကျ မြန်ဆန်ခြင်း၊ အပြိုင်အဆိုင်ထုတ်လုပ်လာမှုကြောင့် ဘေးသို့ ရောက်ရှိသွားခြင်း၊ ဒတ်ခ်ျရောဂါ(နိုင်ငံခြားသို့ ကုန်ပစ္စည်းတင်ပို့မှုစန်းပွင့်နေ၍ ငွေကြေးတန်ဖိုးအလွန်မြင့်တက်လာကာအခြားသမားရိုးကျကုန်ပစ္စည်းတင်ပို့သူများ၏ ယှဉ်ပြိုင်နိုင်မှုကို ပျက်စီးသွားစေ ခြင်း) ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြုပြည်ပြုအဖွဲ့အစည်း၊ စိတ်ကူးများချောင်ထိုးခံရခြင်း၊ ပြည်တွင်းစစ်၊ သဘာဝအရင်းအမြစ်များ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားခြင်း၊ လုံလောက်သော စုဆောင်းမှုမရှိခြင်းတို့ဖြစ်ပါတယ်။ အထူးသဖြင့် ရေနံဈေးနှုန်းဟာအတက်အကျမြန်ပါတယ်။ လွန်
ခဲ့တဲ့ငါးနှစ်အတွင်း     ဈေးနှုန်းဘောင်ဘင်ခတ်နေမှုကသတိပေးနေသလိုပါပဲ။ မကြာခင်က ဖြစ်ပေါ်ခဲ့တဲ့ဈေးနှုန်းထိုးတက်မှုဟာ အလွယ်တကူပဲ ပေါက်ထွက်သွား နိုင်ပါတယ်။ အထူးသဖြင့် ကမ္ဘာ့စီးပွားရေးနှေးကွေးလာရင် အဲဒီလိုဖြစ်နိုင်ပါတယ်။

ဈေးနှုန်းအတက်အကျ မြန်တာကိုက ကုန်ကျစရိတ်များပြီး ဈေးနှုန်းအပြောင်းအလဲအရိပ် လက္ခဏာတွေကို ထိထိရောက်ရောက် မတုံ့ပြန်နိုင်ဘဲ ရှိနေတတ်ပါတယ်။ (သဘာဝအရင်းအမြစ်) ကုန်ပစ္စည်းဈေးနှုန်း တစ်ဟုန်ထိုး ထိုးတက်မှုကအခြား အရှိန်ရစ ပြုနေတဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ နိုင်ငံတကာမှာ ကုန်သွယ်နေတဲ့ ကုန်
ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများမှ လုပ်သားများ၊   အရင်းအနှီးများနဲ့ မြေယာများကို ဆွဲဆောင်သွားပါတယ်။ အဲဒီလိုပဲ အစိုးရကလည်း ၀မ်းသာအားရသုံးစွဲမှုတွေ တိုးမြှင့်ရင်း ကြီးမားတဲ့အခြေခံ အဆောက်အအုံစီမံကိန်းတွေ နဲ့ ဖောင်းပွတဲ့အစိုးရ လစာနှုန်းထားတွေ ဖြစ်ပေါ်လာပါတယ်။ ဒါတွေကို ရေနံနဲ့ သဘာဝအရင်း အမြစ်ဈေးနှုန်းတွေ ကျဆင်းလာ ချိန်မှာ ဆက်လက်ထိန်းသိမ်းမထားနိုင်ပါဘူး။ အဲဒီ့အချိန်မှာပဲ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အခွံချည်းပဲ ကျန်ခဲ့တယ်ဆိုရင် တော့ ပိုလို့သာဆိုးပါတော့တယ်။

ရေနံနဲ့ သဘာဝအရင်းအ မြစ်ဈေးနှုန်းတွေ အမြဲတမ်း မြင့်နေတယ်ဆိုရင်တောင် ထောင်ချောက်တွေ အများကြီးရှိပါသေးတယ်။ အစိုးရတွေဟာ ရေနံနဲ့ သဘာဝသယံဇာတပစ္စည်းတွေကို ဆက်လက်ထိန်းချုပ်ထားနိုင်ပြီး ဘဏ္ဍာရေးအရ ဖူလုံအောင်လုပ် ဆောင်နိုင်တယ်ဆိုရင်တောင်မှ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါတဲ့ တိုင်းပြည် ပြုအဖွဲ့အစည်းနဲ့ စိတ်ကူးစိတ်သန်းတွေကို ဖွံ့ဖြိုးအောင်လုပ်ဖို့ ပျက်ကွက်နေတတ်ပါတယ်။ အဲဒီ လို တိုင်းပြည်တွေမှာ အာဏာရှင် ဆန်ဆန် လူ့အဖွဲ့အစည်းဖြစ်လာ ပြီး   အဲဒီ့ကုန်ပစ္စည်းသဘာဝ အရင်းအမြစ်ကို လက်လှမ်းမီရေး ဟာ တစ်ခုတည်းသောမက်လုံးဖြစ် လာပါတယ်။ အဆိုးဆုံးအခြေအ နေမှာ အဲဒီ့ယှဉ်ပြိုင်မှုကနေ ပြည် တွင်းစစ်အထိတောင် ဖြစ်လာနိုင် ပါတယ်။ သဘာဝအရင်းအမြစ် ကြယ်ဝချမ်းသာမှုမရှိတဲ့နိုင်ငံတွေ မှာတော့ ဗဟိုက ထိန်းချုပ်မှုလွှတ်ထားတဲ့ စီးပွားရေးပုံစံကို ပြုစုပျိုးထောင်ရုံကလွဲပြီး အခြားရွေးချယ်စရာမရှိပါဘူး။ အဲဒီကနေ လူတစ်ဦးချင်းစီက အလုပ်လုပ်ပြီး ငွေကြေးစုဆောင်းဖို့ မက်လုံးဖြစ်ပေါ်လာပြီး စက်မှုထွန်းကားတဲ့ နိုင်ငံတွေပေါ်ထွက်လာပါတယ်။

နောက်ဆုံး အန္တရာယ်ကတော့ ရေနံနဲ့ သဘာဝအရင်းအမြစ်တွေ အလွန်လျင်မြန်တဲ့နှုန်းနဲ့ကုန်ဆုံးသွားခြင်းဖြစ်ပါတယ်။ အဲဒီ့နေရာမှာလည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့မဆိုထား နဲ့ ရေရှည်အတွက် ထိန်းသိမ်းမှုမရှိဘဲကုန်ဆုံးသွားတာဖြစ်ပါတယ်။ဒီတော့ သဘာဝအရင်း အ မြစ်တွေဟာ ကျိန်စာအတိုက်ခံ ရတယ်ဆိုတာထက် ကောင်းချီးပေးခြင်းဖြစ်လာအောင် နိုင်ငံတွေအနေနဲ့ ဘာတွေများ လုပ်ဆောင်နိုင်ပါသလဲ။ တချို့ မူဝါဒတွေနဲ့ အခိုင်အမာအတွေးအခေါ်တွေ ဟာ စမ်းသပ်ခံရပြီး ကျဆုံးခဲ့ပါ တယ်။ အဲဒီ့ကျရှုံးခဲ့တဲ့အထဲမှာ ကမ္ဘာ့ဈေးကွက်မှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်းအတက်အကျ အပြောင်း အလဲတွေကို ဈေးနှုန်းထိန်းချုပ်မှု၊ ကုန်ပစ္စည်းတင်ပို့ခြင်းထိန်းချုပ်မှု၊ ဈေးကွက်ဘုတ်အဖွဲ့တွေနဲ့ ထိန်းချုပ်မှုစတဲ့မူဝါဒတွေလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ အချို့နိုင်ငံတွေကလည်း အောင်မြင်ခဲ့ပါတယ်။ ဒီတော့ သူတို့ရဲ့ မဟာဗျူဟာတွေကို လစ်ဗျား၊ အီရတ်၊ ဂါနာ၊ မွန်ဂိုလီးယားနဲ့ အခြားနိုင်ငံတွေမှာလည်း အတုယူလုပ်ဆောင်နိုင်ပါတယ်။ အဲဒီ့နည်းလမ်းတွေထဲမှာ မက္ကစီကိုနိုင်ငံလို ရေနံဈေးကွက်များမှတစ်ဆင့် ရေနံတင်ပို့မှုဝင်ငွေများကို တန်ဖိုးမလျော့အောင် ကာကွယ်ထားခြင်းပါဝင်သလို ချီလီနိုင်ငံလို ဘတ်ဂျက်စည်းမျဉ်း စည်းကမ်းတွေ စနစ်တကျတည်ဆောက်ခြင်း၊ ဒါမှမဟုတ် ဘော့ဆွာနာ နိုင်ငံလို အစိုးရချမ်းသာ ကြွယ်ဝ မှုကို စီမံခန့်ခွဲဖို့ ပရော်ဖက်ရှင်နယ် မန်နေဂျာများကို အပ်နှင်းထား ခြင်းမျိုးပါဝင်ပါတယ်။ တကယ်တော့ သယံဇာတ ပစ္စည်းတွေဟာ ကျိန်စာမဖြစ်သင့်ပါဘူး။   ဘိုးဘွားစဉ်ဆက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ အမွေ အနှစ်တွေကို နောင်လာမယ့် အနာဂတ်မျိုးဆက်တွေ ကောင်းစားရေးအတွက် စနစ်တကျ စီမံခန့်ခွဲရမှာ ပဲဖြစ်ပါတယ်။
—Ref: Escaping the Oil CurseBy Jeffrey Frankel