Feb 23, 2012

အကယ်ဒမီပွဲတွင် မီဒီယာသမားများ သတ်မှတ်နေရာတွင်သာ ဓာတ်ပုံရိုက်ခွင့်ရ

ရန်ကုန်၊ ဇန်န၀ါရီ-၂၃

အစိုးရသစ်လက်ထက်တွင် ပထမဆုံးကျင်းပပြုလုပ်သွားမည့် အကယ်ဒမီရွှေစင်ရုပ်ဆုပေးပွဲကို ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပမည်ဖြစ်ရာ ယခုနှစ်တွင် ယခင်နှစ်များကနှင့်မတူ သတင်းမီဒီ ယာများကို ပွဲခင်းတွင်းရိုက်ခွင့် မပေးဘဲ သတ်မှတ်နေရာမှသာ ရိုက်ကူးရမည်ဟူသည့် စည်းကမ်းချက်သတ်မှတ်လိုက်ကြောင်း ပွဲကျင်းပရေးတာဝန်ရှိသူအချို့ကပြောသည်။

မီဒီယာသမားများက လျှောက်လမ်းမှတက်လာသော အနုပညာရှင်ကိုသာ ရိုက်ကူးနိုင်ပြီး ပရိသတ်ကြားမှ မီဒီယာများအားဓာတ်ပုံရိုက်ခွင့်မပေးဘဲ
သတ်မှတ်နေရာမှသာ ရိုက်ကူးရမည်ဟု ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ပြောသည်။ထိုသို့သတ်မှတ်ခြင်းကို ဓာတ်ပုံသတင်းထောက်အချို့ကလည်း မကြိုက်
နှစ်သက်ပေ။ ၎င်းတို့က ဓာတ်ပုံသတင်းထောက်များကို ရိုက်ခွင့်မပေးဘဲ ဗီဒီယိုရိုက်ကူးသူအချို့ကို သာပေးပါက ဓာတ်ပုံကောင်းမရမည်ကို စိုးရိမ်ပြောနေကြ
ခြင်းဖြစ်သည်။

မကြာမီ ကျင်းပတော့မည့် အကယ်ဒမီဆုပေးပွဲတွင် ရုပ်ရှင်ဇာတ်ကား ၁၅ ကားစာရင်းဝင်ပြီး အများစုမှာ ဟာသကားများသာဖြစ်ပြီး ဒရမ်မာကားလေး
ကားသာပါဝင်သည်။ အာဒမ်ရယ် ဧ၀ရယ် ဒဿရယ်၊ အငိုမျက်လုံး အပြုံးမျက်နှာနှင့် အမေ့ကျေးဇူး ဆပ်ဖူးချင်တယ် ရုပ်ရှင်ဇာတ်ကားများမှာ အကယ်ဒမီဆုထင်ကြေးပေးခံရမှုအများဆုံး ရရှိထားသော ဇာတ်ကားများ ဖြစ်သည်။