မှတ်ပုံမတင်ရသေးသော အင်န်အယ်လ်ဒီပါတီ ပြန်လည် မှတ်ပုံတင် ပါက မိမိတို့ပါတီကိုဖျက်သိမ်းပေးမည်ဟု ပြောကြားခဲ့သော မှတ်ပုံ မတင်ရသေးသော အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌက ယခုအချိန်တွင်မူ နိုဝင်ဘာ ၁၈ ရက်တွင်ကျင်းပသော အင်န်အယ်လ်ဒီအစည်းအဝေးအပြီးတွင် သဘောထားထုတ်ပြန်မည့် ဆုံးဖြတ်ချက်ကို စောင့် ကြည့်နေဆဲဖြစ်ကြောင်း ယနေ့ 7Day News ၏မေးမြန်းချက်ကို ဖြေကြားခဲ့သည်။
ယခင်အတိုင်း မိမိ၏ရပ်တည်ချက်ကို မပြောင်းလဲသော်လည်း မှတ်ပုံမတင်ရသေးသော အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှု ဆောင်ကော်မတီမှ ဦးဝင်းတင်က Hot News ဂျာနယ်တွင်ပြောကြားထားချက်များကိုမူ ပြန်လည်ပြောကြားစရာများရှိနေသေးကြောင်း ဦးသိန်းညွန့်က ပြောကြားခဲ့သည်။
ဦးဝင်းတင်၏ ပြောကြားချက်တစ်စိတ်တစ်ပိုင်းကို လက်ခံပြီး ဒုတိယတစ်ပိုင်းဖြစ်သော ပါတီမှခွဲထွက်သွားသည်ဆိုသည်ကိုမူ လက် မခံနိုင်ဘဲ ပါတီသည် အလိုအလျောက်ပျက်ပြယ်သွားပြီဆိုသော ဥပဒေကိုလိုက်နာခြင်းသာဖြစ်သည်ဟု ပြောကြားသည်။
““အခုချိန်မှာ မှတ်ပုံမတင်ရသေးသော အင်န်အယ်လ်ဒီပါတီရဲ့ ဆုံးဖြတ်ချက်ကိုစောင့်ကြည့်နေတယ်။ မှတ်ပုံတင်ရင် ကြိုဆိုမယ်။ ရွေးကောက်ပွဲအတွက်အားပေးမယ်။ ကျန်တာကိုတော့ သူတို့ဆုံးဖြတ်ချက်ပြီးမှ ကျွန်တော် ဆက်ပြောချင်ပါတယ်””ဟု ပါတီ ဖျက်သိမ်းမည်ဟု ပြောကြားထားသော ဦးသိန်းညွန့်က ပြောကြားသည်။


