အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြန်လည်မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲဝင်၊ မ၀င်အတွက် လာမည့်နိုဝင်ဘာ ၁၈ ရက်တွင် ဗဟိုဦးစီးအဖွဲ့၏ အစည်းအဝေးကျင်းပကာ ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
တစ်နိုင်ငံလုံးမှ ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ ကျော်ကို ထိုအစည်း အဝေးအတွက် ဖိတ်ကြားထားပြီး ပါတီပြန်လည်မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲဝင်၊မ၀င်အတွက် ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထိုနေ့အစည်းအဝေးမှာ အပိုင်းနှစ်ပိုင်းရှိပြီး ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲဝင်မ၀င်တို့ဖြစ်ကာ ပါတီမှတ်ပုံတင်ရေးမှာ အလားအလာအများကြီးပွင့်လင်းလာကြောင်း ဦးဝင်းတင်က 7Day News သို့ပြောသည်။


