Feb 23, 2012

အစိုးရ စိုက်ပျိုးစရိတ် ချေးငွေပြန်ဆပ်ရက် နှစ်လခွဲ နောက်ဆုတ်

ရန်ကုန်၊ ဇန်န၀ါရီ-၁၉

Photo
7Day News Journal
ရန်ကုန်၊ ဇန်န၀ါရီ-၁၉

ပြည်သိမ်း၊ အောင်သူရ
၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွက်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးရေးစရိတ်ချေးငွေရယူထားသော လယ်သမားများချေးငွေပြန်ဆပ်ရမည့် နောက်ဆုံးရက်ကို ၂၀၁၂ ခုနှစ် မတ် ၃၁ ရက်ထိ သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းမှ သတင်းရရှိသည်။

ယခင်က အဆိုပါဘဏ်ချေး ငွေကို ဇန်န၀ါရီလ ၁၅ရက်နောက်ဆုံးထားပြီး ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အဆင့်ခွဲ၍ ကောက်ခံခြင်း ဖြစ်ကြောင်းသိရသည်။ မိုးစပါးပေါ်ချိန်တွင် စပါးဈေးလွန်စွာကျ ဆင်းနေသဖြင့် အချိန်ပိုရပါက စပါးကိုအချိန်စောင့်၍ ရောင်းချနိုင်သည်။ သို့သော် မတ်လကုန် ထိ ဘဏ်အကြေးဆပ်၍ရသည်ကို တောင်သူများက သတင်းမရ ရှိခဲ့သည့်အတွက် ရသည့်ဈေးနှင့် ရောင်းချသူများရှိကြောင်း အဆိုပါ အသင်းမှ တွဲဖက်အထွေထွေအ တွင်းရေးမှူးဒေါက်တာစိုးထွန်းက ရှင်းပြသည်။
“ခုလိုမျိုးဆိုရင်ပဲပေါ်မှ ဆပ် လို့ရတာပေါ့။ စပါးကို ဈေးထိန်းပြီးတော့ ရောင်းလို့ရတယ်။ လယ်သ မားတွေက မတ်လကုန်ထိဆပ်လို့ရတာမသိဘူး”ဟု ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်မြို့နယ် ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ကဆိုသည်။

ယခုနှစ်ပြည်တွင်း၌ မိုးစပါး ပေါ်ချိန်တွင် စပါးဈေး ကျဆင်းနေသဖြင့် တောင်သူများအခက်အခဲများနှင့် ကြုံတွေ့နေရသည်။ မိုးလယ်ကာလတွင်  ရာသီဥတု ဖောက်ပြန်မှုကြောင့်   စပါးခင်းများ   ရေနစ်ပြီး   အထွက်ဆုတ်ခဲ့သည်။ စပါးပေါ်ချိန်တွင်လည်း ဈေးကောင်းမရသဖြင့် ချေးငွေများ ပြန်ဆပ်ချိန်ကို နောက်ဆုတ်ပေးရန် တိုက်တွန်းလိုကြောင်း ပြည်ခရိုင်မှ လယ်သမားတစ်ဦးက ဆိုသည်။ယခုနှစ်ပြည်တွင်း၌   စပါးဈေးကျဆင်းနေမှုကို ကာကွယ်ရန် နိုင်ငံတော်မှလည်း အရန်ဆန်တန်ချိန်   ၁၀၀၀၀၀   (စပါးတင်း ၈၅၀၀၀၀၀) ကို တစ်တင်းလျှင် ၃၀၀၀   ကျပ်အနိမ့်ဆုံးသတ်မှတ် ၀ယ်ယူရန်စီစဉ်နေသည်။ သို့သော် အချိန်ကာလ အနည်းငယ်နောက် ကျနေသည့်အတွက် လယ်သမား များလက်ထဲတွင် စပါးလက်ကျန် နည်းနေနိုင်ကြောင်းလည်း  သတင်းရရှိသည်။