7Day News ၏ ဇန်န၀ါရီ၂၆ ရက်ထုတ် Vol.10, No.45 တွင် ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမောင်မောင်စိုးနှင့် တွေ့ဆုံအင်တာဗျူးတွင် ကျွန်ုပ်
တို့၏ အပြည်ပြည်ဆိုင်ရာနိုင်ငံ တကာ အဆင့်မီငါးလေလံဈေးအ ကြောင်း မေးမြန်းထားသည့်အ ပေါ် အဖြေကို ကျွန်ုပ်တို့ငါးလေလံဈေးမှ တံတားနှင့် လေလံဈေး
ကွက်၏ ကွာဟချက်များကို စာဖတ်ပရိသတ်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ နားလည်မှုမလွဲရန် ရည်ရွယ်၍ ရှင်းလင်းလိုပါသည်။ တံတားများသည် ပုဂ္ဂလိက ပိုင်သောတံတားဖြစ်သည့်အပြင် ၎င်းင်းတို့တွင် ကိုယ်ပိုင်ငါးဖမ်းလှေရှိ ကြပါသည်။ သို့ပေမဲ့ တံတားတွင် Check-Point ( One Stop Service ) မရှိပါ။ ထို့ကြောင့် တံတား သာလျှင် ငါးဖမ်းစက်လှေအတွက် လိုအပ်သော ဆီ၊ ရေခဲ၊ ပိုက်ဆံ ကြိုချသည့်စနစ်သုံးပါသည်။ကျွန်ုပ်တို့၏ ငါးလေလံဈေးက ငါးလာ ရောင်းသူ ပြည်တွင်း၊ ပြည်ပ ငါး ၀ယ်သူများကို ၀န်ဆောင်မှုပေးသောစနစ်ကို ကျင့်သုံးပါသည်။ အ ခေါ်အဝေါ်ဝေါဟာရခြင်းလည်း မတူပါ။ ရေခဲ၊ ဆီရောင်းချင်သူများ က ကျွန်ုပ်တို့ ငါးလေလံဈေးနှင့် ဆက်သွယ်၍လာရောက်ရောင်း ချ ကြပါသည်။ ကျွန်ုပ်တို့ ငါးလေလံဈေးဝင်းတွင် Check- Point ( One Stop Service )အစိုးရအဖွဲ့အစည်းများရှိသည့်အပြင် ကျွန်ုပ်တို့ သည် ငါးလုပ်ငန်းဦးစီးဌာနနှင့်အကျိုးတူ ပူးပေါင်းဖွဲ့စည်းထားသော ဖက်စပ်ကုမ္ပဏီဖြစ်ပါသည်။ တစ်နည်း ပြောရလျှင် Semi-Government ဖြစ်ပါ သည်။အထူးသဖြင့် ငါးလေလံဈေး မအောင်မြင်ရခြင်းမှာ ဦးမောင်မောင်စိုးပြောသွားသည့် ထဲတွင်ပါပါသည်။ မြိတ်မြို့ရှိ ၈၀ ရာခိုင်နှုန်းသော ငါးဖမ်းစက်လှေများ သည်ထိုင်းနိုင်ငံသားပိုင်လှေ များ ကို မြန်မာနာမည်နှင့်ထားကြသည့် အတွက် ငါးလေလံဈေး မအောင်မြင်တာဟု ရှင်းရှင်းလင်းလင်းဖြေ ကြားထားပါသည်။
အထူးပြောကြားလိုသည်မှာ ငါးလေလံဈေးသည် ကျွန်ုပ်တိုတစ်ဦးတည်းရပ်တည်၊ ပိုင်ဆိုင်နေခြင်းမဟုတ်ပါ။ ငါးလုပ်ငန်းဦးစီးဌာနမှ ၃၀ရာခိုင်နှုန်း ရှယ်ယာပိုင်သော မြန်မာအပြည်ပြည်ဆိုင်ရာ နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးကြီး ဖြစ်ပါသည်။ မြိတ်မြို့မှာ ငါးဖမ်းစက်လှေထောင်ချီ ရှိသော်လည်း ငါးလေလံဈေးကြီးနှင့် အအေးခန်း အချို့ ပိတ်ထားရတာကတော့ ၀မ်းနည်းစရာပါပေ။
မစ္စတာဂျင်းပီချွန်း


