May 20, 2012

အယ်ဒီတာ့ထံပေးစာ

တက္ကသိုလ်အဆောင်များ ပြန်လည်ဖွင့်လှစ်ရေး

7Day News Journal

ကျောင်းသားမိဘတစ်ဦး

ကျွန်တော်သည်  7Day News   ဂျာနယ်၏ အယ်ဒီတာ့ထံ ပေးစာကဏ္ဍမှ “တက္ကသိုလ်ပညာ သင်နှစ်ထပ်တိုးခြင်းနှင့်အတူ” ခေါင်းစဉ်ဖြင့် ကျောင်းသားတစ်ဦး၏ ရင်ဖွင့်သံကိုလည်းကောင်း “ထူးချွန်ထက်မြက်သည့် ကျောင်းသားများ မွေးထုတ်ပေးနိုင်သည့် ပညာရေးဖြစ်ဖို့”ခေါင်းစဉ်ဖြင့် ကျောင်းသားမိဘတစ်ဦး၏ ရင်ဖွင့်
သံကိုလည်းကောင်း ဖတ်လိုက်ရသောအခါ ကျောင်းသားမိဘတစ် ဦးအနေဖြင့် ကျွန်တော်၏ ခံစားချက်များကို ယခုလို “အယ်ဒီတာ့ထံ ပေးစာ”ကဏ္ဍမှ ရေးသားလိုက်ရပါ သည်။ ကျွန်တော်သည် ဧရာဝတီတိုင်းဒေသကြီးမှ ကျေးလက်ဒေသတစ်ခုတွင် နေထိုင်သူဖြစ်ပြီး ကျွန်တော်၏ သား၊ သမီးများမှာ သူနာပြုတက္ကသိုလ်(ရန်ကုန်)နှင့် ကျန်း မာရေးတက္ကသိုလ်(မကွေး)တွင် ကျောင်းတက်ပညာသင်ကြားနေကြပါသည်။ ကျွန်တော်ပြောလိုသည့်အကြောင်းအရာမှာ အဆောင် ကိစ္စဖြစ်ပါသည်။

၁၉၈၈ ခုနှစ်  မတိုင်ခင်ကတက္ကသိုလ်များတွင် အဆောင်များရှိခဲ့ပြီး ထို့နောက်ပိုင်း အကြောင်းကြောင်းကြောင့် ကျောင်းသား၊ ကျောင်းသူများကို အဆောင်များ
မပေးတော့ပါ။ သို့ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများမှာ အပြင်တွင် လခကြီးမြင့်စွာပေး၍ အဆောင်ငှားရမ်းပြီးကျောင်းတက်နေရပါသည်။ ဥပမာအားဖြင့် ရန်ကုန်မြို့
တွင်း၌ ကျောင်းသားတစ်ယောက်၏   တစ်လလျှင်  အဆောင်လခသည်   တစ်သောင်းခုနစ်ထောင်နှုန်းဖြင့် တစ်နှစ်အတွက် တစ်သိန်းနှစ်သောင်းလေးထောင်ပေး၍ စရိတ်ကြီးမြင့်စွာကျောင်းတက်နေရပါသည်။

အဆောင်စရိတ်၊ ကားခ၊ တက္ကသိုလ်ပညာသင်ယူစရိတ်လွန်စွာမြင့်မားမှုကြောင့် မိဘများ မှာ မိမိတို့၏ သား၊ သမီးများကို ခက်ခက်ခဲခဲဖြင့် ကျောင်းထားနေကြရပါသည်။  ယခုအခါ  ရွေးကောက်ပွဲကျင်းပပြီး၍ ဒီမိုကရေစီ အစိုးရ(အရပ်သားအစိုးရ)လည်း ပေါ်ပေါက်ခဲ့ပြီးပါပြီ။ လွှတ်တော်များကိုလည်းကျင်းပနေကြပြီဖြစ်သည်။   နိုင်ငံရေးအ ကျဉ်းသားများကိုလည်း ရာနှင့်ချီ၍ လွှတ်ပေးပြီး  လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေး  ဆွေးနွေးနေကြပြီဖြစ်သည်။ သို့ဖြစ်၍ အမိမြန်မာ နိုင်ငံ
တော်ကြီးသည် ယနေ့အချိန်ခါတွင် အတော်ပင်အေးချမ်းနေပြီဟုဆိုရမည်ဖြစ်သည်။

သို့ပါ၍ နိုင်ငံတော်အတွက် လိုအပ်သော ကျွမ်းကျင်လူသား အရင်းအမြစ်များ မြောက်မြားစွာပေါ်ထွက်ပေါ်ကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများကို ငဲ့ညှာသောအားဖြင့်လည်းကောင်းတက္ကသိုလ်အဆောင်များတွင် ပြန်လည်နေထိုင်ခွင့်ပေးပါရန် တင်ပြတောင်းဆိုအပ်ပါသည်။ အဆောင်ရှိပြီးသား တက္ကသိုလ်များကို  အမြန်ဆုံး  ပြန်လည်နေထိုင်ခွင့်ပေးပါရန်နှင့်  အဆောင်မရှိသောတက္ကသိုလ်များကိုလည်းအမြန်ဆုံး ပြန်လည်ဆောက်လုပ်ပေးပါရန်   ဖော်ပြအပ်ပါသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များကိုလည်း   ယခုကျင်းပမည့်လွှတ်တော်တွင်   အဆိုပြုတင်ပြသွားပါရန် ကျောင်းသား မိဘတစ်
ဦးအနေဖြင့်    တိုက်တွန်းအပ်ပါသည်။