ဗန္ဓုလသယ်ယူပို့ဆောင်ရေးလီမိတက်မှပြေးဆွဲလျက်ရှိသော ပါရမီ တက္ကစီများကို ယာဉ်မောင်းများအား ပြန်လည်ရောင်းချပေးရာတွင် သတ်မှတ်ဈေးနှုန်းထက် ကျပ်သိန်း ၅၀ နီးပါးလျှော့၍ရောင်းချခဲ့ရာ ယာဉ်စီးရေအားလုံး ရောင်းကုန်ခဲ့ကြောင်း သိရသည်။
ပါရမီတက္ကစီအစီးရေ ၉၀ ကို အရစ်ကျပုံစံဖြင့်ရောင်းချပေးခြင်းဖြစ်ပြီး ယခုရောင်းချမှုသည်ဒုတိယအကြိမ်ရောင်းချခြင်းဖြစ်သည်။
ရောင်းချပေးရာတွင် ကျပ်သိန်း ၄၀၀ သတ်မှတ်ထားသည့် မတ်ခ်တူးဆလွန်းကို ကျပ် ၃၂၅ သိန်း၊ ကျပ်သိန်း ၂၈၀ သတ်မှတ် ထားသည့် မတ်ခ်တူးဗင်နှင့် ကိုရိုလာဗင်ကို ကျပ်သိန်း ၂၃၀ သို့ဈေး ချရောင်းချခဲ့ပြီး ကျပ်သိန်း ၃၀၀ သတ်မှတ်ထားသည့် ကိုရိုလာဆလွန်းကိုမူ သတ်မှတ်ဈေးနှုန်းအတိုင်းသာရောင်းချပေးခဲ့ကြောင်းသိရသည်။ လက်ရှိတွင် တိုယိုတာ၊ ဂျက်တာ၊ ပရိုဘောက်စ်ယာဉ် များဖြင့် ပါရမီတက္ကစီစီးရေ ၆၀၀ ကျော် ပြေးဆွဲပေးလျက်ရှိသည်။


