May 20, 2012

အလှကုန်ပစ္စည်းနှင့် မျက်နှာအရေပြားမတည့်၍ ဆေးခန်းရောက်သူများလာဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ-၃

အလှကုန်ပစ္စည်းများ အသုံးပြုစဉ် အရေပြားနှင့် ဓာတ်မတည့်ခြင်းကြောင့် အရေပြားပြဿနာများဖြင့် ဆေးကုသမှုခံယူရသည့် လူနာများ တဖြည်းဖြည်းများပြားလာကြောင်း အရေပြားအထူး ကုဆရာဝန်များကပြောသည်။

“အလှကုန်တွေကလည်း အ မျိုးမျိုးပေါ်လာတော့ သုံးတဲ့သူလည်းများလာတယ်။ ဒါကြောင့် ပြဿနာဖြစ်တဲ့သူလည်းများလာတယ်”ဟု ရန်ကုန် ပြည်သူ့ဆေးရုံ ကြီး အရေပြားဌာနမှ ဒေါက်တာလင်းထက်ကပြောသည်။အလှကုန်ပစ္စည်းတစ်ခု တွင် ဓာတုပစ္စည်းအမျိုးအစားပေါင်းမြောက်မြားစွာပါဝင်နေပြီး တစ်ဦးနှင့်တစ်ဦး ဓာတ်မတည့်မှု မတူညီကြသည့်အပြင် မတည့်သည့်သူများတွင် အရေပြားတွင် ယားယံခြင်းများ၊ အရေပြားရောင်ခြင်း၊ လောင်သွားခြင်း စသည့်ပြဿနာများ ကြုံတွေ့ကြခြင်းဖြစ်သည်။

အရေပြားဓာတ်မတည့်ခြင်းသည် ပါဝင်သောပစ္စည်းများနှင့် သက်ဆိုင်ပြီး ဈေးနှုန်းနည်းပါးခြင်း၊ များခြင်းနှင့် သက်ဆိုင်မှုမရှိကြောင်းသိရသည်။
သာမန်မဟုတ်ဘဲ အရေပြားတွင် ဓာတ်မတည့်ခြင်းကြောင့် အရေပြားပြဿနာများ ဖြစ်ပေါ်လာသည့်အခါ တတ်ကျွမ်းသည့်ဆရာဝန်များနှင့် တိုင်ပင်
ပြသသင့်ပြီး အချို့သောမိမိသဘောဖြင့်ကုသခြင်းများသည် အရေပြားပြဿနာများအား ပိုမိုဆိုးရွားသွားသည့် လူနာများလည်းရှိကြောင်း အရေပြား အထူးကုဆရာဝန်များထံမှ သိရသည်။