အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးသည် ပြတ်လပ်နေခြင်းမဟုတ်ဘဲ ထောက်ပံ့သည့်စီမံချက် ပြီးဆုံးသွားခြင်းသာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှသိရသည်။
ငါးနှစ်စီမံကိန်းဖြစ်သော်လည်း ကျန်းမာရေးဝန်ထမ်းများက အလေအလွင့်နည်းပါးစေရန် စနစ်တကျဆောင်ရွက်ခဲ့သဖြင့် ၂၀၁၀အထိမကဘဲ ၂၀၁၁ မေလ အထိ ကာကွယ်ဆေးထိုးနိုင်ခဲ့ခြင်းဖြစ်ပြီး မေလနောက်ပိုင်းတွင် အသည်းရောင်အသားဝါ(ဘီ)ကာ ကွယ်ဆေးအား ပုံမှန်ကာကွယ် ဆေးထိုးအစီအစဉ်များတွင် ထည့် သွင်းမထိုးနှံနိုင်တော့ကြောင်း သိရသည်။ အသည်းရောင် အသားဝါ ရောဂါပိုးကြောင့် လူကြီးများတွင် အသက်သေဆုံးမှုများပြားလာ သည့်အတွက် တစ်နှစ်အောက် ကလေးများအား ၂၀၀၃-၂၀၀၄ ခုနှစ်မှ စတင်၍ထိုးနှံပေးခဲ့ခြင်း ဖြစ်ပြီး ထိုဆေးဝါးများအား Global Alliance for Vaccine and Immunization ( GAVI ) အဖွဲ့မှ ကာကွယ်ဆေးအသစ် မိတ်ဆက် ခြင်းမူအရ နိုင်ငံများသို့ ငါးနှစ်စာ ထောက်ပံ့ခဲ့ရာ မြန်မာနိုင်ငံအနေ ဖြင့်လည်း ရရှိခဲ့ခြင်းဖြစ်သည်။
ယခုချိန်တွင် အဆိုပါအဖွဲ့၏ မူအတိုင်း သက်ဆိုင်ရာနိုင်ငံများမှ ကာကွယ်ဆေးဝယ်ယူမှုတွင် ရန်ပုံ ငွေထည့်ဝင်ထားပြီး တစ်ကြိမ်တည်းဖြင့် ကာကွယ်ဆေးငါးမျိုး ပါဝင်မည့်ထိုးဆေးနှင့် အခြား ကာကွယ်ဆေးများအား ၂၀၁၂ နှစ်လယ်ခန့်တွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ “ပုံမှန်ဆေးထိုးလုပ်ငန်းတွေမှာ လိုအပ်တဲ့ DPT နှင့် အသည်းရောင်အသားဝါ(ဘီ)ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွေ ယူနီဆက်တို့နဲ့ညှိနှိုင်းနေတဲ့အချိန် လောက်ပဲ လိုအပ်ချက်ရှိခဲ့တယ်။ ကျန်တဲ့အချိန်တော့ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို ဆောင် ရွက်နိုင်ခဲ့တယ်”ဟု ကူးစက်ရောဂါ တိုက်ဖျက်ရေးမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးလွင်ငြိမ်းက ပြော သည်။ ငါးနှစ်အောက်ကလေးများတွင် ဟေမိုဖီးလက်အင်ဖလူရင် ဇာဘီအမျိုးအစား ဗက်တီးရီးယားပိုးကြောင့်ဖြစ်သည့် ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါများကြောင့် သေဆုံးမှုများပြားလာသည့်အတွက် ကာကွယ်ဆေးအသစ်များထိုးနိုင်ရန် စီမံချက်များဖြင့်ဆောင်ရွက်နေပြီး အများပြည်သူ များကလည်း ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ လှုံ့ဆော်ထားသည်။


