ကုန်တင်ယာဉ်များကို ဇန်န၀ါရီ ၈ ရက်မှစ၍ အာဆီယံသတ်မှတ် ချက်အတိုင်း တင်ဆောင်ရန် စတင်ဆောင်ရွက်ပြီဖြစ်ရာ ကုန် ကားများအား သတ်မှတ်ချက်အ တိုင်း တင်မတင် စစ်ဆေးရာတွင် ကုန်တင်ယဉ်အများစုမှာ တန်ပို တင်ဆောင်ထားကြသော ကား များဖြင့် ကုန်ပြန်ချရသည့် ဖြစ်ရပ်များရှိခဲ့ကြောင်း သတင်း ရရှိသည်။
““မနေ့က ဇန်န၀ါရီ ၉ ရက် ပဲခူး မက်စ်ကတ္တားဂိတ်မှာ ကုန် ပြန်ချခိုင်းရတဲ့ကားတွေ တော် တော်များတယ်ပြောတယ်။ ဦးတို့ လှမ်းပြောလို့သိတဲ့ ဂိတ်လေးဂိတ် မှာပဲ ၁၅ စီးလောက်ရှိတယ်။ တခြားဂိတ်တွေလည်း ရှိသေး တယ်”” ဟု အဝေးပြေးကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူးဦးတင်ယုကပြောသည်။
အာဆီယံသတ်မှတ်ချက်အ တိုင်း ယခု ဇန်န၀ါရီ ၈ ရက်တွင် စတင်မည်ဆိုခြင်းကို လွန်ခဲ့သည့် တစ်လကျော်ကပင် ကားဂိတ်များ သို့ အကြောင်းကြားစာများ ကြို တင်ပေးဝေခဲ့ကြောင်း ၎င်းင်းက ပြောသည်။ သို့သော် အဆိုပါ သတ်မှတ်ချက်စစ်ဆေးခြင်းကို မည်သည့်နေရာမှ ဆောင်ရွက် မည်ဟု ဖော်ပြထားခြင်း မရှိခဲ့ ပေ။
““ဘယ်နေရာမှာ စစ်ဆေး မယ်ဆိုတာကို ပြောထားတာ မရှိ ဘူး။ ဂိတ်တိုင်းမှာ စစ်လို့ရတယ် ဆိုတော့ နေရာကိုပြောမထားဘူး”” ဟု ဦးတင်ယုက ဆက်လက်ပြော သည်။
ထိုသို့ ကုန်ပြန်သယ်ရသည့် ဖြစ်ရပ်များကြောင့် ကုန်တန်ဆာခ များမှာ ယခင်ထက် တစ်ပိဿာ လျှင် ၃၀ ကျပ်ဝန်းကျင်(တစ်တန် ၂၀၀၀၀ ကျပ်)၀န်းကျင်ထိ မြင့် တက်သွားခဲ့ပြီး တန်ဆာခမှာ သတ်မှတ်နှုန်းမရှိသေးသကဲ့သို့ ဈေးနှုန်းတည်ငြိမ်ခြင်းလည်း မရှိ သေးကြောင်း ရန်ကုန်-မန္တလေး ကားဂိတ်ပိုင်ရှင်တစ်ဦးကပြော သည်။
ရန်ကုန်-မန္တလေးလမ်းပိုင်း တွင် ယခင်တစ်ပိဿာ ၇၀ ကျပ် ၀န်းကျင်မှ ယခု ၉၀ ကျပ်ကျော် ၁၀၀ ၀န်းကျင်ထိ ရှိသည်။ ထို ကြောင့် တစ်တန် ၄၃\၀၀၀ကျပ်
ဝန်းကျင်မှ ယခု ၆၀\၀၀၀ကျပ်ကျော်ထိဖြစ်နေကြောင်း သိရသည်။
ယခု အာဆီယံသတ်မှတ် ချက် နောက်ဆုံးအဆင့်လျှော့ချ လိုက်သော နှုန်းထားမှာ ၆ ဘီး ယာဉ်တစ်စီးလျှင် ယာဉ်ကုန် ၁၆ တန်၊ ၁၀ ဘီးယာဉ်မှာ ယာဉ်ကုန် ၂၁ တန်၊ ၁၂ ဘီးယာဉ်မှာ ယာဉ် ကုန် ၂၅ တန်၊ ၁၄ ဘီးယာဉ်မှာ ယာဉ် ကုန် ၃၄တန်၊ ၁၈ဘီးကားမှာ ၄၆ တန်နှင့် ၂၂ ဘီးကားမှာ ၅၅ တန်အောက်သာ တင်ဆောင်ရန် သတ်မှတ်ထားသည်။
အဆိုပါ သတ်မှတ်ချက် စစ် ဆေးခြင်းကို ဆောက်လုပ်ရေးဝန် ကြီးဌာန၊ အဝေးပြေးကုန်စည်ပို့ ဆောင်ရေး လုပ်ငန်းရှင်များ အသင်းနှင့် ဦးပိုင်ကုမ္ပဏီတို့ကပါ စစ်ဆေးသွားမည်ဖြစ်ကြောင်း အ ထက်ပါပုဂိုလ်က ပြောသည်။
သို့သော် ယခုသတ်မှတ် ချက်များထက် ၂ တန်အထိ ပိုတင်ခြင်းကို ကတ္တားတစ်လုံးနှင့် တစ်လုံး လွဲချော်မှုအဖြစ် နားလည်ပေးထားမည်ဖြစ်ပြီး ၎င်းထက်ပိုပါက ဆောက်လုပ်ရေးဝန် ကြီးဌာနမှ အရေးယူဆောင်ရွက် ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တွင် ၎င်းင်းသတ်မှတ် ချက်ကို ယခုလ ၈ ရက်မှ စတင် ဆောင်ရွက်နေပြီဖြစ်သော်လည်း မန္တလေးဘက်တွင် ယခင်အတိုင်း ၆ ဘီးယာဉ်မှာ ယာဉ်ကုန် ၂၀ တန်၊ ၁၀ ဘီးယာဉ်မှာ ၂၅ တန်၊ ၁၂ ဘီးကားမှာ ယာဉ်ကုန် တန် ၃၀ ထိ တင်ဆောင်နိုင်ပြီးယခု သတ်မှတ်ချက်ကို တရုတ်နှစ်သစ် ကူးရှိ၍ ဖေဖော်ဝါရီလမှသာ စတင်မည်ဖြစ်ကြောင်း ရန်ကုန်- မန္တလေးပြေးဆွဲနေသော ကားဂိတ်ပိုင်ရှင်တစ်ဦးကပြောသည်။


