ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာရှသက်ငယ်တန်းအားကစား ပြိုင်ပွဲ Asia Junior Sports Ex-change Games 2011 သို့မြန်မာနိုင်ငံမှ ဂျူဒိုနှင့်ကြက်တောင် အားကစားနည်းနှစ်မျိုး ၀င် ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါပြိုင်ပွဲတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် သြဂုတ်လ ၂၂ ရက်မှ ၂၉ ရက်အထိ ကျင်းပသွား မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ဂျူဒိုနှင့် ကြက်တောင်အားကစားနည်း နှစ် မျိုးဝင်ရောက် ယှဉ်ပြိုင်ရန် ဖိတ် ကြားခံရခြင်းဖြစ်ကြောင်းသိရသည်။
ပြိုင်ပွဲဝင်အားကစားသမား များအား အသက် ၁၈နှစ်အောက် သတ်မှတ်ထားသည့် ဂျူဒိုပြိုင်ပွဲ တွင် မြန်မာလူငယ်အားကစား သမား ၆ ဦး (ကျား ၃ ဦး၊ မ ၃ ဦး)
သည် ၀ိတ်တန်းခြောက်တန်း၌ ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြော သည်။ကြက်တောင်ပြိုင်ပွဲတွင်မူပြိုင် ပွဲဝင်အားကစားသမားများအား အသက် ၁၆ နှစ်အောက်သတ်မှတ် ထားပြီး မြန်မာလူငယ်အားကစား သမား ၆ ဦး (ကျား ၃ ဦး၊ မ ၃ ဦး)၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။
““ကြက်တောင်ပြိုင်ပွဲမှာ တစ်ဦးချင်းနဲ့ နှစ်ယောက်တွဲ ပြိုင် ပွဲအမျိုးအစားငါးမျိုးစလုံးမှာ ၀င် ရောက်ယှဉ်ပြိုင်သွားမှာပါ။ မြန်မာ လူငယ်လေးတွေမှာ အသက် အ ငယ်ဆုံး ၁၁ နှစ်ပါဝင်ပါတယ်။ အဓိက ၂၀၁၃ ဆီးဂိမ်းအတွက် ရည်ရွယ်လေ့ကျင့်နေတဲ့ ကလေးတွေပါ””ဟု မြန်မာနိုင်ငံကြက် တောင်အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


