နေအိမ်ခေါင်မိုးရှိ ဒိုင်း၊ မျှားများ သံဂဟေတက်ဆော်သည့် သံဂဟေလုပ်သားတစ်ဦး အမြင့်မှပြုတ်ကျပြီး သေဆုံးခဲ့ရသော ဖြစ်ရပ်တစ်ခု ဇန်န၀ါရီ ၃၀ ရက်က နေပြည်တော် ပျဉ်းမနား၊ ပေါင်းလောင်းရပ်ရှိ ရာဇဌာနီလမ်းတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ ၃၀ရက်ည ၇ နာရီအချိန်ခန့်က နေပြည်တော်ခုတင်၁၀၀၀ ဆေးရုံ၌ လူသေအလောင်းတစ်လောင်း ပျဉ်းမနားရဲစခန်းအပိုင်နယ်မြေမှ ရောက်ရှိ လာကြောင်း သက်ဆိုင်ရာက သတင်းအရသွားရောက် စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ သိန်းဇော်ထွန်း (၂၅ နှစ်)ခြုံခင်းကျေးရွာ၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ဖြစ်ပြီး ယင်းမှာ နေပြည်တော် ပျဉ်းမနားမြို့နယ် ရာဇဌာနီလမ်းနှင့် အင်ကြင်းလမ်းတွင်ရှိသော နေအိမ်တစ်အိမ်၏ နေအိမ်ခေါင်မိုးရှိ ဒိုင်း၊ မြားများ သံဂဟေတက်ဆော်နေစဉ် အမြင့်မှ ခြေချော်ပြုတ်ကျပြီးသေဆုံးကြောင်း ယင်း၏လုပ်ဖော်ကိုင်ဖက်များကပြောသည်။


