May 20, 2012

အိုင်စီတီရက်သတ္တပတ်ပွဲတော်တွင် McWill နှင့် CDMA 800 MHz ဖုန်း ၀န်ဆောင်မှုသစ်တို့ကို စိတ်ဝင်စားမှုများ

ရတနာပုံ၊ ဇန်န၀ါရီ - ၉

န၀မအကြိမ်မြောက် မြန်မာအိုင်စီ တီရက်သတ္တပတ်ပွဲတော်သည် ပြည်တွင်းထုတ် နည်းပညာ၊ ထုတ် ကုန်များနှင့် ပြည်တွင်းမှာပင် ပြု လုပ်သည့်ဝန်ဆောင်မှုများအား ပြည်သူများထံသို့ တိုက်ရိုက်ဝန် ဆောင်ပေးသောပြပွဲဖြစ်ခြင်း ကြောင့် ယခင်ပြပွဲများထက် ထူး ခြားသောနှစ်တစ်နှစ်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေး နန်းဝန်ကြီးဌာန ၀န်ကြီးဦးသိန်း ဇော်ကပြောကြားသွားခဲ့သည်။

    ဇန်န၀ါရီ ၈ ရက်မှ ၁၂ ရက် အထိ ကျင်းပပြုလုပ်သည့် ပြပွဲ တွင် ရတနာပုံဆိုင်ဘာစီးတီးတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ပြည်တွင်းအခြေစိုက်နည်းပညာ စက်ရုံများဖြစ်သည့် Fisca၊ Ya-danarpon Fiber၊ Huawei၊ Elite အစရှိသော နည်းပညာစက် ရုံများမှ ပြည်တွင်း၌ လည်ပတ် ထုတ်လုပ်၍ ဆက်သွယ်ရေးကဏ္ဍ အတွက် ပံ့ပိုးမှုများကို ၀န်ကြီးက ရည်ညွှန်းပြောဆိုသွားခဲ့သည်။
    ယခုနှစ်ပြပွဲအား စိတ်ပါဝင် စားမှုရှိစေရန်အတွက် အဓိက အားဖြင့် အင်တာနက်သုံးနိုင်မည့် McWill ဖုန်းဝန်ဆောင်မှု၊ CDMA 800 MHz ဖုန်းများအတွက် အင်တာနက်ပေးသုံးမည့် ၀န်ဆောင်မှု စသည်တို့ဖြင့် လူလတ်တန်းစားများနှင့် စီးပွားရေးလုပ် ငန်းလုပ်ကိုင်သူများအား ဆွဲဆောင်နိုင်ရန် စီစဉ်သကဲ့သို့ လူငယ်များအတွက် ဂိမ်းပြိုင်ပွဲများပါ ထည့်သွင်းထားသည်ကိုတွေ့ရ သည်။
    ““ဒီနှစ် ပရိုမိုးရှင်းကတော့ Mc Will ဖုန်းနဲ့ 800 MHz စတာတွေပေါ့။ အဓိကပြပွဲက ဒီလိုနည်းတွေနဲ့လည်း စိတ်ဝင်စားအောင် လုပ်ပေးရတာ၊ မှန်းထားသလောက်ကို ပြပွဲလာတဲ့လူများ ပါ တယ်။ ဒါပေမဲ့ ကတ်ဖုန်းတွေ ချထားပေးတုန်းက ပွဲကိုတော့ မမီဘူး””ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ သတင်းအချက်အလက် နှင့်နည်းပညာဌာနမှ အင်ဂျင်နီ ယာချုပ် ဦးဇော်မင်းဦးက ပြော ကြားသည်။
    ပြပွဲသို့ ပြည်ပကုမ္ပဏီများ၊ ဖိတ်ကြားထားသည့် နိုင်ငံခြားကုမ္ပ ဏီ ၇ ခုခန့် တက်ရောက်ခဲ့ပြီး ရတနာပုံဆိုင်ဘာစီးတီးတွင် ရင်း နှီးမြှုပ်နှံမှုပြုထားသည့် ကုမ္ပဏီ များအပါအ၀င် ကုမ္ပဏီ ၂၆ ခုက ပြခန်းပေါင်း ၃၀ ခန့်ပါဝင်ပြသခဲ့ ကြသည်။
    ယင်းကုမ္ပဏီများမှ McWill၊ 800 MHz ၀န်ဆောင်မှုများ၊ FttX၊ SKY NET၊ မိုဘိုင်းဖုန်းဆိုင်များ၊ Red Link ကုမ္ပဏီများသည် စိတ် ၀င်စားမှုအများဆုံးရရှိခဲ့ကြသည် ကို ပြပွဲပထမရက်တွင်တွေ့ရသည်။
    ၂၀၀၆ ခုနှစ်မှ စတင်အ ကောင်အထည်ဖော်ခဲ့သော ရတ နာပုံဆိုင်ဘာစီးတီးသည် ၂၀၀၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းစတင်ခဲ့သည့် လေးနှစ်တာ ကာလအတွင်း နည်းပညာမြို့တော်အတွင်း အခြေခံအဆောက်အအုံ များ ရှစ်ဆယ်ရာခိုင်နှုန်းခန့် တည် ဆောက်ပြီးစီးလျက်ရှိနေပြီဖြစ် သည်။
    နိုင်ငံ၏ အင်တာနက်အိတ် ချိန်းပွိုင့်အဖြစ် သတ်မှတ်ထား သော ရတနာပုံနည်းပညာမြို့ တော်သည် လက်ရှိတွင် တစ်မြို့လုံး ဖိုင်ဘာကွန်ရက်လွှမ်းခြုံထား ပြီး နိုင်ငံအနှံ့သို့ ဖိုင်ဘာကွန်ရက်များ ထပ်မံဖြန့်ကျက်ဦးမည် ဟုဆိုသည်။