May 20, 2012

အိုင်စီတီလက်တွေ့စမ်းသပ်ခန်းတိုးချဲ့ဖွင့်လှစ်

ရန်ကုန်၊ ဖေဖော်ဝါရီ- ၃

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) သည်နည်းပညာ ဆိုင်ရာလက်တွေ့ စမ်းသပ်မှုများကို ပြုလုပ်လိုသူများအတွက် ၄င်းတို့၏လက်တွေ့စမ်းသပ်ခန်းဖြစ်သည့်   ICT LAB (Laboratory) ကို နေ့စဉ်အသုံးပြုနိုင်ရန် တိုးချဲ့ ဖွင့်လှစ်ပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခင်က ကွန်ပျူတာဆိုင်ရာပညာရှင်များက တစ်ပတ်တစ်ကြိမ်ခန့် ထိုစမ်းသပ်ခန်းတွင် အိုင်စီတီဆိုင်ရာဘာသာရပ်များကို လက်တွေ့ပို့ချသင်ကြားရာမှ နေ့ စဉ်အသုံးပြုနိုင်ရန် တိုးချဲ့ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်သည်။MCPAအနေဖြင့် ယခုကဲ့သို့ ၄င်းတို့၏လက်တွေ့စမ်းသပ်ခန်းကို နေ့စဉ်အသုံးပြုနိုင်ရန်အတွက် တိုး ချဲ့လိုက်ရခြင်းမှာ အသင်းသား များနှင့် ကွန်ပျူတာဘာသာရပ်များကို လေ့လာလိုက်စားသူများ ICT ဆိုင်ရာလုပ်ငန်းခွင်များတွင် အထောက်အကူဖြစ်စေရန်ဖြစ် ကြောင်း အသင်း၏တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးအောင်စိုးမိုးက ပြောသည်။လာမည်ဖေဖော်ဝါရီ ၂၀ ရက်မှ စတင်ကာနေ့စဉ်အသုံးပြုနိုင်တော့မည့် အဆိုပါ   MCPA LAB ကို အသုံးပြုလိုသည့် မည်သူမဆို အသင်းသို့ အသုံးပြုခ ကျပ်နှစ် ထောင်ပေးသွင်းရမည်ဖြစ်သည်။

လက်တွေ့စမ်းသပ်မှုအတွက်လိုအပ်မည့် ဘာသာရပ်ဆိုင်ရာစာအုပ်များ၊ သင်ခန်းစာများနှင့် နည်းပညာပစ္စည်းများကို MCPA မှ အခမဲ့သုံးစွဲခွင့်ပြုခွင့်ပေးသွား
မည်ဟုလည်း   LAB  ၏ အခြားတာ ၀န်ရှိသူတစ်ဦးဖြစ်သော ဦးရဲကျော်သိန်းကပြောသည်။အဆိုပါ လက်တွေ့စမ်းသပ်ခန်းတွင် နည်းပညာဆိုင်ရာများကို စမ်းသပ်မှုများပြုလုပ်လိုသူများအနေဖြင့် အသင်းသို့ တစ်ရက်ကြို တင် စာရင်းသွင်းကာ နေ့လယ် ၁ နာရီမှ ညနေ၅ နာရီအထိ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
MCPA ၏ နည်းပညာဆိုင်ရာ   လက်တွေ့စမ်းသပ်ခန်းကို ၂၀၁၀ သြဂုတ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။