ဖေဖော်ဝါရီ ၇ ရက်တွင် ၂၀၁၀ပြည့်နှစ်အတွက် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကြီးကို ကျင်းပတော့မည်။သို့ဖြစ်၍ပရိသတ်ချစ်သော အနုပညာရှင်များ၏ ပွဲတက်ဝတ်စုံအတွက် ကြိုတင်စိတ်ကူးစီစဉ်ထားသည်များကို လက်လှမ်းမီသမျှ စုစည်းဖော်ပြလိုက်ပါသည်။
သက်မွန်မြင့်
ယခုနှစ်အကယ်ဒမီဆုအတွက် လူပြောအများဆုံးနှင့်ထင်ကြေးပေးမှုအများဆုံးခံရသော မင်းသမီးသက်မွန်မြင့်သည် အကယ်ဒမီပေးပွဲအတွက် ဒီဇိုင်နာမပုံ့ချုပ်ပေးသောဝတ်စုံကိုဝတ်ဖြစ်မည်ဖြစ်ပြီး အရောင်နှင့်ဒီဇိုင်းကိုမူ ရွေးချယ်နေဆဲဖြစ်ကြောင်းသူမကပြောကြားသည်။ သူမသည် ယခုနှစ်ဝတ်စုံအတွက် ပြီးခဲ့သောနှစ်များတွင်ဝတ်ခဲ့သောအရောင်များကိုရှောင်ကာ ရွေးချယ်ဝတ်ဆင်သွားမည်ဟု ပြောကြားသည်။
စိုင်းစိုင်းခမ်းလှိုင်
သည်နှစ်အကယ်ဒမီပွဲမှာ အကယ်ဒမီဆုအတွက် ထင်ကြေးပေးခံရသူများထဲကတစ်ဦးဖြစ်သည့်“အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ်”မင်းသား စိုင်းစိုင်းခမ်းလှိုင်ကို ခဲရောင်တိုက်ပုံနှင့် အနက်ရောင်ပုဆိုး ၀တ်ဆင်လာမည်ကို မြင်တွေ့ရမည်။
ချစ်သုဝေ
ယဉ်သူထိုက်ပိုးထည်တိုက်က ဆင်မြန်းပေးထားသော ၀တ်စုံနှစ်စုံကို ဒီဇိုင်နာမပုံ့က ချုပ်ပေးပြီး ထိုဝတ်စုံနှစ်စုံထဲမှ စိတ်ကြိုက်ဝတ်စုံတစ်ခုကို
ရွေးချယ်ဝတ် ဆင်မည်ဖြစ်ကာလတ်ပြတ်ကိုကြိုက်နှစ်သက်သည့်အတွက် လက်ပြတ်ဝတ်ဖြစ်ဖို့များကြောင်း ချစ်သုဝေကပြောသည်။ လူငယ်တစ်ဦး
ဖြစ်သည့်အတွက် ရိုးရာကိုအခြေခံကာ ဖန်စီဒီဇိုင်းကို အသားပေးချုပ်လုပ်ထားကြောင်း သူမကပြောသည်။
စိုးပြည့်သဇင်
မနှစ်ကအကယ်ဒမီဆုဆွတ်ခူးခဲ့သော စိုးပြည့်သဇင်က ၀ါရွှေဇင်ပိုး ထည်တိုက်မှ ဒီဇိုင်နာ ဖွေးဖွေး(B-First)ချုပ်ပေးမည့် ဖက်ဖူးရောင်ဝတ်စုံကို ၀တ်ဆင်မည်ဖြစ်သည်။
နေတိုး
အကယ်ဒမီဆုရှင် မင်းသားနေတိုးက ရွှေပိုးအိမ်ပိုးထည်တိုက်ကဆင်မြန်းပေးထားသော ခရမ်းအနီရောင်ပုဆိုးနှင့်တိုက်ပုံကို ၀တ်ဆင်ရန်စိတ်ကူးထားပြီး ဒီဇိုင်နာမင်းသက်စံက တာဝန်ယူချုပ်ပေးထားကြောင်း ပြောကြားသည်။
နိုင်းနိုင်း
လောလောဆယ်တော့ မစီစဉ်ရသေးဘူး။ ကျွန်တော်က ကာလာ အဖျော့လေးတွေကြိုက်တယ်။ အဖြူလေးတွေ ကျွန်တော်ဒီဇိုင်းထွင်တာမျိုးတော့အစီအစဉ်မရှိပါဘူး။ စပွန်ဆာလည်းမရှိပါဘူး။ အနီးနားရောက်မှပဲ ကိုယ့်ဟာကိုယ်ဝယ်စီစဉ်ဖြစ်မယ်ထင်ပါတယ်။
မိုးယုစံ
ပိုးထည်က ၀ါရွှေစင်ကပါ။ အရောင်ကရွှေဝါရောင်၊ ဒီဇိုင်နာက မပုံ့ပါ။ ၀တ်စုံပုံစံက မပုံ့စိတ်ကြိုက်ပါပဲ။ မပုံ့ကိုအပ်ထားတယ်။
သင်ဇာဝင့်ကျော်
ချိတ်ပဲဝတ်မှာပါ။ မန္တလေးကကိုတင်မောင်ခိုင်ပဲ ချိတ်ရောဒီဇိုင်းပါ စီစဉ်ပေးမှာပါ။ အရောင်ကမသေချာသေးဘူး။ ဘိုဆန်တဲ့အရောင် ပဲဝတ်ချင်တယ်။ အရောင်
တောက်တောက်ကြီး မ၀တ်ချင်ဘူး။ ဒီဇိုင်းပုံက ဒီဇိုင်နာစိတ်ကူးပါပဲ။
Aroma (Zulu Studio)Wedding Dress & Photo Studio
ဂန္ထ၀င်၊ စမိုင်း၊ ၀ါဆိုမိုးဦး၊ မေဖြူဖြူစသူတို့အတွက် မိတ်ကပ်၊ ၀တ်စုံ၊ လက်ဝတ်ရတနာများကို စပွန်ဆာပေးမည်ဖြစ်ပြီး အဖြူ၊ ရွှေရောင်၊ အစိမ်း၊ အနက်ရောင်
မြန်မာဝတ်စုံဒီဇိုင်းဆန်းများ စီစဉ်ပေးထားသည်ဟုသိရသည်။ ကိုယ်ပိုင်ဒီဇိုင်းချိတ်ပေါ်တွင် စိန်နှင့်ကျောက်မျက်ရတနာများဖြင့် ဒီဇိုင်းထွင်ချုပ်လုပ်ထားသည်ဟုသိရသည်။
မိုးအောင်ရင်၊ မိုးယံဇွန်၊ မြင့်မြတ်၊ မင်းရာဇာ၊ မင်းထက်တို့အတွက် ၀တ်စုံများ စီစဉ်ပေးထားပြီး ပိုးပုဆိုးနှင့် တွဲဖက်ကာ အစိုဘက်အရောင်သမ်းသော ပိုးအပြောင်သား တိုက်ပုံများဖြင့် ပွဲထုတ်သွားမည်ဟု သိရသည်။ အမျိုးသား သရုပ်ဆောင်များအတွက် လိမ္မော်၊ အ၀ါ၊ ဖက်ဖူးစိမ်း၊ အနက်ရောင်များရွေးချယ်ထားသည်ဟု ဆိုသည်။
အိန္ဒြာကျော်ဇင်
ဝတ်စုံကတော့ ရိုးရိုးပါပဲ။ ထူးထူးဆန်းဆန်းဘာမှမရှိဘူး။ ပိုးထည် စပွန်ဆာက နှစ်တိုက်ရှိတယ်။ ဘယ်ဟာယူဖြစ်မလဲ မသေချာသေးဘူး။ အစ်မက ခဲရောင်ဝတ် ဖြစ်မယ်ထင်တယ်။ နောက်တစ်ရောင်တော့ စဉ်းစားနေတာပဲ။ ကိုယ်ဝတ်ချင်တဲ့ဒီဇိုင်းရယ်လို့ မရှိဘူး။ ဒီဇိုင်နာက အစ်မအိကျော်ဇင်၊ မြတ်မိုးအောင်ကချုပ်ပေးမှာ။ ဒီဇိုင်းပုံက ဒီဇိုင်နာပြောရင်ပို ကောင်းမယ်ထင်တယ်။
ခန့်စည်သူ
ဝတ်ချင်တဲ့ဒီဇိုင်းကမရှိဘူး။ ၀တ်စုံက ယဉ်သူထိုက်(မန္တလေး)၊ ဖိနပ်က ရွှေနဂါး၊ ဒီဇိုင်နာက ယုံးယုံးပါ။ ဘာအရောင်ဝတ်ဖြစ်မလဲ မသိဘူး။ ခရေစီကာလာ မရှိဘူး။
မင်းသွေး
ဗီဒီယိုကားများနှင့် ခြေလှမ်း စိပ်စိပ်လှမ်းလာသော မင်းသွေးက ကတ္တီပါသားအနက်ရောင်ကို ရင် ဖုံးတိုက်ပုံနှင့် အနက်ရောင်တွင် ခဲရောင်ဖောက်ထားသော ပုဆိုးကို
ဝတ်ဆင်မည်ဟုပြောပြီး သူ့အတွက်ဝတ်စုံကို ဒီဇိုင်းနာမင်းသက်စံကချုပ်ပေးထားသည်။
ကောင်းပြည့်
တက်သစ်စမင်းသားကောင်း ပြည့်သည် သူ၏ အကယ်ဒမီ ပထမဆုံးပွဲတက်အတွေ့အကြုံ ဖြစ်မည်ဖြစ်ပြီး Aroma က ကမ်းလှမ်းထားသော နက်ပြာရောင်ပုဆိုးနှင့် တိုက်ပုံကိုဝတ်ဆင်ဖြစ်ရန်များနေကြောင်း သူကပြောသည်။
ကျော်ကျော်ဗိုနှင့် ဇနီး
နှစ်စဉ်ထူးခြားအမြင်ဆန်းသည့် ၀တ်စုံဒီဇိုင်းဖြင့် မြင်ရလေ့ရှိသော မင်းသားကျော်ကျော်ဗိုတို့ ဇနီးမောင်နှံကို ယခုနှစ်တွင် ဆင်စွယ်ရောင်ဆင်တူမြန်မာဝတ်စုံ
ဖြင့် မြင်တွေ့ရမည်ဟု ကျော်ကျော်ဗိုက ပြောသည်။ “အရမ်းမဆန်းဘဲ အရောင်ကိုလည်းဆင်စွယ်ရောင် ပျော့လေးဆင်ပေးဖို့ ပြောထားတယ်”
မြတ်သူအောင်
ယခုနှစ်ဝတ်စုံကို ဒီဇိုင်နာမင်းသက်စံက စီစဉ်ပေးထားပြီး ပိုးထည်ကိုတော့ ယွန်းရွှေရည်ပိုးထည်တိုက်က ကူညီပေးကြောင်း သိရသည်။


