May 20, 2012

အရှေ့တောင်အာရှအမျိုးသားဟော်ကီပြိုင်ပွဲ မြန်မာနိုင်ငံတွင် ကျင်းပမည်

ရန်ကုန်၊ နိုဝင်ဘာ - ၉

ဒုတိယအကြိမ် အရှေ့တောင်အာ ရှ အမျိုးသားဟော်ကီပြိုင်ပွဲ (Se-cond Men's Sea Cup Hoc-key Tournament) ကို မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်းသတင်း ရရှိသည်။

အဆိုပါပြိုင်ပွဲကို ရန်ကုန်မြို့၊ သိမ်ဖြူဟော်ကီကွင်းတွင် လာမည့် ဒီဇင်ဘာ ၁၀ ရက်မှ ၁၇ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင် မြန်မာအပါအ၀င် ထိုင်း၊ မလေး ရှား၊ စင်ကာပူ ဘရူနိုင်းအသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

““ဒီပြိုင်ပွဲအတွက် ပြင်ဆင် နေတဲ့ မြန်မာ့လက်ရွေးစင်ဟော် ကီအသင်းကို ပဏာမကစားသ မား ၂၅ဦးနဲ့ လေ့ကျင့်နေပါတယ်။ မလေးရှားက နည်းပြဆရာလည်း အောက်တိုဘာလက ရောက်ရှိ လာပြီး အသင်းကို လေ့ကျင့်ပေး နေပါတယ်။ မြန်မာအသင်းအ နေနဲ့ နိုင်ငံတကာပွဲအတွေ့အကြုံ အားနည်းပေမယ့် အကောင်းဆုံး ကြိုးစားနေပါတယ်”” ဟု မြန်မာ နိုင်ငံဟော်ကီအဖွဲ့ချုပ်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

၂နှစ် တစ်ကြိမ်ကျင်းပသော ဆီးဂိမ်းပြိုင်ပွဲ၌ ဟော်ကီအားက စားနည်းအား ထည့်သွင်းမကျင်းပ သောနှစ်များတွင် ယင်းပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြိုင်ပွဲ၌ မလေးရှား အသင်းက ဗိုလ်စွဲခဲ့သည်။ သိမ်ဖြူဟော်ကီအားကစား ကွင်းသည် ၂၀၀၉ခုနှစ်က ပြိုင်ပွဲ ၀င် ကိုးနိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ သည့် အသက် ၁၈ နှစ်အောက် အာရှလူငယ်ဟော်ကီပြိုင်ပွဲအား လက်ခံကျင်းပခဲ့ဖူးပြီး ယခုပြိုင်ပွဲ သည် ဒုတိယအကြိမ်မြောက် လက်ခံကျင်းပသည့်ပြိုင်ပွဲဖြစ်လာ မည်ဖြစ်သည်။ တစ်ရက် နှစ်ပွဲနှုန်းယှဉ်ပြိုင် ကစားမည့် ယင်းပြိုင်ပွဲ၏ ပွဲစဉ် များအား ပရိသတ်များအနေဖြင့် ၀င်ကြေးအခမဲ့ဖြင့် ကြည့်ရှုအား ပေးနိုင်ကြောင်းသတင်းရရှိသည်။