ဇော်ဝင်းထွဋ်၏သမီးဖြစ်သူ ချန်ချန် ဦးစီးပြုလုပ်ကာ အနုပညာရှင်များက စားသောက်ဖွယ်ရာများ ကိုယ်တိုင်ရောင်းချပြီး ကလေးများအတွက် ရန်ပုံငွေရှာဖွေမည့် ဈေးရောင်းပွဲတစ်ခုကို ဖေဖော်ဝါရီ ၅ရက်တွင် မြန်မာကွန်ဗင်းရှင်းစင်တာ၌ ညနေ၄နာရီမှ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုရန်ပုံငွေဈေးရောင်းပွဲတွင် အနုပညာရှင်များက အစား သောက်မျိုးစုံရောင်းချပေးခြင်း၊ ဂိမ်းကစားခြင်းတို့ပါဝင်သည်။ ထိုဈေးရောင်းပွဲတွင် ဆိုင်ခန်းပေါင်း ၈၀ကျော်ပါဝင်ပြီး အနုပညာရှင် ၁၀၀ ကျော်ပါဝင်ရောင်းချပေးမည်ဖြစ်သည်။ သားစိုးက အာပုံမုန့်၊ ရဲလေးက ဒိန်ချဉ်နှင့် ရေခဲမုန့်၊ ငယ်ငယ်က အာလူးပူတီ၊ သီရိဆွေက ငါးထမင်း၊ ဇော်ဝင်းထွဋ်ကဘီယာ၊ ချန်ချန်၏ ကိုယ်ပိုင် Brand ဖြစ်သော အမျိုးသားဝတ် အကျများစသည်တို့ကို အသီးသီးရောင်းချကာ ရန်ပုံငွေရှာဖွေကြမည်ဖြစ်သည်။
ယခုပြုလုပ်မည်ဖြစ်သော မိဘမဲ့ကလေးများ ရန်ပုံငွေဈေး ရောင်းပွဲမှ ရရှိသမျှငွေအားလုံးကို မလိခအမျိုးသမီး သင်တန်းကျောင်း၊ နတ်မောက်အမျိုးသမီး အတတ်ပညာသင်ကျောင်း၊ ၀ိသာခါသီလရှင်ကျောင်းသို့ လှူဒါန်းမည်ဖြစ်သည်။


