ယနေ့အချိန်အခါသည် မိမိတို့တိုင်းပြည်၌ ဒီမိုကရေစီလမ်းစဉ်ကို စတင်ကျင့်သုံးနေပြီဖြစ်ပါသည်။ ဒီမိုကရေစီ၏ အနှစ်သာရသည် အာဏာကို တစ်ဦး
တစ်ယောက်လက်ထဲသို့ ပုံအပ်ထားခြင်းမဟုတ်ဘဲ အုပ်ချုပ်မှုအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာဟူ၍ ကဏ္ဍသုံးရပ်ခွဲကာ
အာဏာကိုခွဲဝေပေးထားမှုပဲ ဖြစ်ပါသည်။ အပြန်အလှန်ထိန်းကျောင်းမှုစနစ်ဖြင့် မည်သူ့မည်သူမှ အာဏာကို အလွဲသုံးစားမပြုနိုင်ရန် စီမံဖော်ဆောင်ထား
သည့် စနစ်ဖြစ်ပေသည်။ အာဏာသုံးရပ်လုံး၏ အန္တိမရည်မှန်းချက်မှာ ပြည်သူလူထုနစ်နာမှုမရှိစေရန်၊ ပြည်သူလူထုကိုအကာအကွယ် ပေးနိုင်ရန်၊ ပြည်သူ
လူထုအကျိုးစီးပွားတိုးပွားစေရန်ပင်ဖြစ်သည်။ ထိုရည်မှန်းချက်ဖော်ဆောင်ရာတွင် အနည်းစု၏ သဘောဆနကို လေးစားမှုရှိပြီး အများစု၏ သဘောဆန္ဒ
အတိုင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကို ဦးတည်ထားသည်။
ယခုလို အသွင်ကူးပြောင်း ဆဲကာလတွင်ထိုအာဏာသုံးရပ် လုံးသည် မကွဲမပြား ဖြစ်နေပါ သည်။ အုပ်ချုပ်မှုအာဏာက အခြားအာဏာ နှစ်ရပ်ပေါ်၌ လွှမ်းမိုးမှုရှိနေသဖြင့် ဒီမိုကရေစီ လမ်းလျှောက်လှမ်းရာတွင် ခြေချုပ်မိသကဲ့သို့ဖြစ်နေသးသည်။ ဥပဒေ ပြုရေးအာဏာနှင့် တရားစီရင်ရေး အာဏာကောင်းစွာ အလုပ်မလုပ် သေးသမျှ ပြည်သူလူထုမှာ ဒီမိုက ရေစီ၏ အနှစ်သာရကို အပြည့် အ၀ခံစားနိုင်မည်မဟုတ်ပေ။ ရှင်းလင်းပြတ်သားသော ဥပဒေနှင့် ခိုင်မာတည်ကြည်သည့် တရားစီရင်မှု မရှိခြင်းက ပြည်သူလူထု တစ်ရပ်လုံးကို မလုံမခြုံဖြစ်စေနိုင်ပါသည်။ ကျောသားရင်သား ခွဲခြားမှုမရှိသော ဥပဒေနှင့် တရားစီရင်ရေးကသာ စည်းကမ်းပြည့်ဝသော၊ရင့်ကျက်မှုရှိသော လူမှုအဖွဲ့အစည်းကို ဖန်တီးနိုင်မည်ဖြစ်သည်။
မည်သူ့ မည်သူက ဥပဒေကို လေးစားလိုက်နာစရာ မလို၊ တရားစီရင်မှုကို မှုစရာမလိုဟူသော အ တွေးအခေါ်ရှိနေသမျှ ထိုလူ့အဖွဲ့အစည်းသည် စည်းကမ်းပြည့်ဝသော၊ ရင့်ကျက်မှုရှိသော လူ့အဖွဲ့ အစည်းအသွင်သို့ ပီပြင်လာစေ ခြင်းငှာ မဖြစ်နိုင်တော့ပါ။ လူတိုင်းလူတိုင်း မိမိလုပ်နိုင်စွမ်းသမျှ ဉာဏ်နီတစ်မိုက် ဉာဏ်နက်တစ် ထွာဖြင့် ဥပဒေကို လက်တစ်လုံးခြား ကျူးလွန်နိုင်ဖို့ ကြိုးစားနေပေလိမ့်မည်။ ထိုသို့ ကြိုးစားမှုတွင် အာဏာရှိသူ၊ ဥစ္စာရှိသူတို့က လက်တစ်လုံးခြား လုပ်ခွင့်ပိုမိုရရှိ လာပြီး မျက်နှာမွဲအောက်ခြေလူ တန်းစားများမှာတော့ ကျောသားရင်သားခွဲခြားမှုရှိသည့် ဥပဒေနှင့် တရားစီရင်ရေး၏ ဒဏ်ကို အခံရ ဆုံးဖြစ်လာပါလိမ့်မည်။ အထက် သို့ကြားသိစေရန် ပြောနိုင်ခွင့် ဆိုနိုင်ခွင့်အနည်းဆုံးဖြစ်နေသည့် ထိုလူတန်းစားများ၏ မလုံခြုံမှုကို အခြားသော နည်းလမ်းများဖြင့် ၎င်းတို့၏ ခံစားချက်ကို ဖော်ထုတ်လာခြင်း (သို့မဟုတ်) ၎င်းင်းတို့၏ မကျေနပ်ချက်များကို မှန်ကန် သော နည်းလမ်းဖြင့် မဖော်ပြတတ်သောအခါ မလိုလားအပ်သော ပြစ်မှုများ ကျူးလွန်လာခြင်းတို့ဖြစ် ပေါ်လာနိုင်ပါသည်။ အလွန်အ ရေးကြီးသော သတိချပ်ဖွယ် အခြင်းအရာ ဖြစ်ပါသည်။ လက်ရှိ မိမိတို့ လူ့အဖွဲ့အစည်းကို သုံးသပ်ကြည့်မည်ဆိုလျှင် အလုံးစုံ သော လူတန်းစားအလွှာအသီးသီးက တရားဥပဒေ စိုးမိုးမှုအောက်၌ အပြည့်အ၀ရှိမနေသဖြင့် အ လွယ်တကူ ဥပဒေကို လက်တစ် လုံးခြားပြုမှုပြီး ဥပဒေမဲ့ ပြုမှုနေ ထိုင်ဆောင်ရွက်နေကြသည်ကို မြင်တွေ့နိုင်သည်။ ဥပဒေကို ထီမထင်သည့် အကျင့်ပျက်ဝန်ထမ်းများ၊ ၀ိသမလောဘ စီးပွားရေးသမားများ၊ ဥပဒေကိုမျက်လှည့်ပြပြီး မြေယာကို အနိုင်ကျင့်သိမ်းသည့် လုပ်ငန်းရှင်ကြီးများ၊ စည်း ကမ်းပျက်ဈေးသည်များ၊ ကားမောင်းသမားများ အပါအ၀င် အများစုသော လူအပေါင်းတို့ သည် အခွင့်အရေးကို လက်ကုန်နှိုက် စည်းကမ်းပျက်၊ အကျင့်ပျက်၊ ဥပဒေကို လိုက်နာမှုမရှိ၊ မိမိအ သာရပြီးရော စိတ်ဓာတ်ဖြင့် ရှင်သန်နေထိုင်နေကြသည်။ ဥပဒေမဲ့ ကျူးလွန်သူများကို မှန်ကန်သော နည်းလမ်းဖြင့် အနိုင်ရရှိဖို့မလွယ်သောအခါ မိမိတို့ အနိုင်ရနိုင်မည့် လူကို တစ်ဖန်ရှာဖွေပြီး ဥပဒေမဲ့ပြု မှုလာရာ စာရိတ္တပျက်ယွင်းသော၊ စည်းကမ်းမဲ့သော လူ့အဖွဲ့အစည်းပုံသဏာန် ဖြစ်ပေါ်လာရပါသည်။
ဥပမာအကျင့်ပျက်ဝန်ထမ်းကြောင့် အလုပ်မဖြစ်သော၊ အခက်တွေ့ခဲ့သော စီးပွားရေးသမားသည် ၎င်း၏အကျိုးအမြတ်ကို စားသုံးသူဆီမှ လက်ကုန်နှိုက်ဖို့ကြိုးစားလာ သည်။ စားသုံးသူဆိုသူတို့မှာလည်း ထုတ်လုပ်သူများ၊ ၀န်ဆောင်မှုပေးသူများ၊ အလုပ်သမားများ ဖြစ်ကြသဖြင့် ၎င်းတို့ကလည်း ၎င်းတို့ နိုင်စားနိုင်မည့် အခြေအနေ၌ အကျင့်ပျက်မှု၊ စည်းကမ်းမဲ့မှုများ ပြန်လည်လုပ်ဆောင်လာသည်။ မုန့်လုံးစက္ကူကပ် ဇာတ်လမ်းခင်း နေကြတော့သည်။
ထိုသို့သော လူ့အဖွဲ့အစည်း ကိုပြန်လည်ပြုပြင်ဖို့ရာမှာ ပြဿနာ၏ အရင်းအမြစ်ဖြစ်သော တရားဥပဒေစိုးမိုးမှုအားနည်းနေသည့် အခြေအနေကိုသာ အမြန်ဆုံး ပြင်ဆင်သင့်ပေသည်။ မည်သူ့ကိုမျှ တရားဥပဒေအထက်၌ မရှိစေခြင်း၊ မျက်နှာသာမပေးခြင်းတို့ ကသာ ယိုယွင်းပျက်စီးနေသည့် လူ့အဖွဲ့အစည်းကို အချိန်မီပြင် ဆင်နိုင်မှာ ဖြစ်ပါသည်။ လက်ရှိ အခြေအနေအတိုင်းသာ ဆက် လက်သွားနေမည်ဆိုလျှင် အနာ ဂတ်လူ့အဖွဲ့အစည်း၊ တိုင်းပြည်အတွက် ရင်လေးစရာဖြစ်ပါသည်။ စည်းကမ်းလိုက်နာမှုရှိသော၊ ရင့်ကျက်မှုရှိသော လူ့အဖွဲ့အစည်းကသာ စွမ်းဆောင်ရည်ပြည့်ဝပြီး ဒီမို ကရေစီကို အပြည့်အ၀ဖော် ဆောင်နိုင်မည့် ပြည်သူ့ကိုယ်စား လှယ်များကို မွေးထုတ်နိုင်ပေလိမ့် မည်။ ထိုပြည်သူ့ကိုယ်စားလှယ် များမှ ပိုမိုအင်အားရှိသော ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကို ဖော် ဆောင်ပေးလိမ့်မည်။
အချုပ်အားဖြင့် ဆိုရလျှင် လဲနေသူ ထူပေးပါ။ အားငယ်သူ အားပေးပါဆိုသည့် လောကနီတိအတိုင်း မိမိတို့တိုင်းပြည်၏ အားနည်းမှုရှိနေသော ဥပဒေနှင့်ယိမ်းယိုင်မှုရှိသော တရားရေးမဏ္ဍိုင်တို့ကို ပြုပြင်ပြီး လုံခြုံမှုမရှိ၊ အင်အား ချည့်နဲ့နေသော အခြေခံလူတန်းစားများအတွက် ဥပဒေခြုံလုံပါစေသား ဆန္ဒမွန်ဖြင့် ပရမ်းပတာ အ သွင်ဆောင်နေသော လူ့အဖွဲ့အစည်းဝင် အောက်ခြေလူတန်းစားများမှအစ၊ လူလတ်တန်းစား ပညာတတ်လူငယ်များ အလယ်၊ မြတ်သောအကျင့်ဖြင့် ချမ်းသာ လာသူများအဆုံး အားလုံးသော လူကောင်းများအား လုံခြုံမှုပေး နိုင်သည့် ဥပဒေစိုးမိုးမှုအလျင်အမြန် ဖြစ်လာနိုင်စေရေးအတွက် တတ်စွမ်းသမျှ ကြိုးစားတင်ပြ လိုက်ပါသည်။ ။


