May 20, 2012

ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံး

မန္တလေး၊ ဇန်န၀ါရီ- ၂၇

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်မြစ်ကမ်းကြီးကျေးရွာတွင် လင်းပိုင်အသေတစ်ကောင်ကို လင်းပိုင်ရေလုပ်သားဦးထွန်းဝေနှင့်အဖွဲ့က တွေ့ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနသို့ သတင်းပို့ခဲ့သည်။

အဆိုပါလင်းပိုင်အသေကို စစ်ဆေးကြည့်ရှုရာတွင် အရှည် ၆ ပေ ၅ လက်မရှိပြီး အသက်အရွယ်ကြီး၍ အလိုအလျောက် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စစ်ဆေးချက်မှတ်တမ်းအရ သိရသည်။မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဧရာဝတီလင်းပိုင်များမျိုးမသုဉ်းရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ရေလုပ်သားများပူးပေါင်း၍ငါးဖမ်းဆီးသည့် အလေ့အထကိုထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။