May 20, 2012

ဧရာဝတီမြစ်ဆုံဒေသတွင် ရွှေတူးဖော်သူများလာ

Photo
မြစ်ကြီးနား၊ ဒီဇင်ဘာ-၂၅

မေခမြစ်နှင့် မလိခမြစ်တို့ စတင်ဆုံစည်းရာ ဧရာဝတီမြစ်ဆုံဒေသတွင်  ၂၀၁၀နှစ်ကုန်ပိုင်း၌ ရွှေလုပ်ကွက်များ တူးဖော်လုပ်ကိုင်မှု များပြားလာပြီး မေခနှင့်
မလိခမြစ်နှစ်စင်းတွင် ရွှေတူးဖော်သည့် လုပ်ကွက်ပေါင်းမှာ အကြမ်းဖျင်းအားဖြင့်  ၅၀၀   ၀န်းကျင်ရှိကြောင်း မေခမြစ်တွင် ရွှေတွင်းတူးဖော်ခြင်း လုပ်ကိုင်နေသူများထံမှ စုံစမ်းသိရှိရသည်။

    မေခနှင့် မလိခမြစ်အတွင်းသို့ ၂၀၁၀နှစ်ကုန်တွင် တူးဖော်လုပ်ကိုင်သူ များပြားလာရခြင်းမှာ ရေဝေရေလဲဒေသတွင် တူးဖော်မှု  တားမြစ်ခြင်းကြောင့်ဖြစ်ကြောင်း
ရွှေတူးဖော်ရေး လုပ်ကိုင်သူ အချို့က ခန့်မှန်းပြောဆိုကြသည်။
    ““အရင်က အဲဒီလောက်မများဘူးဗျ။ အခုက ဖြုန်းဆိုင်းတွေ များလာတယ်”” ဟု မေခမြစ်ရှိ ရွှေမှော်မှ  ကျင်းလုပ်သားတစ်ဦးက  ပြောသည်။
    မေခနှင့် မလိခမြစ်ဝှမ်းများကို တရုတ်ကုမ္ပဏီများက ပုတ်ပြတ်ဝယ်ယူထားပြီး ရွှေတူးဖော်ရေးလုပ်ကိုင်သူများက   ယင်းကုမ္ပဏီများထံမှ တစ်ဆင့်ခံ  ၀ယ်ယူရကြောင်းနှင့် လုပ်ကွက်တစ်ကွက်လျှင် ယခုအခါ ကျပ်သိန်းရာချီ၍ ပေးဝယ်ရကြောင်း အထက်ပါပုဂိုလ်ကပြောသည်။
    ရွှေတူးဖော်ရာတွင် အနက် ပေ ၃၀ မှ ၅၀ အကြားတူးဖော် ရပြီး တစ်ပေပတ်လည် လုပ်ကွက် တစ်ကွက်လျှင် ကျပ်သိန်းသုံးရာ ပေါက်ဈေးရှိသည်။
    ယခုကဲ့သို့ ရွှေလုပ်ကွက်များ တိုးပွားလာပါက ဧရာဝတီမြစ်၏သဲသောင်ဖြစ်ထွန်းမှုသည် ယခင်နှစ်များထက် ပိုမိုများပြားလာနိုင် ကြောင်း  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက သုံး သပ်ကြသည်။ ယခုလက်ရှိ တွင်း တူးဖော်ရေးလုပ်ကိုင်သူများသည် မြစ်ဝှမ်းအနီးရှိ တောင်များကို မြစ်ရေဖြင့် ဖျန်းပက်၍ မြေပြိုပြီး နောက် စီးကျလာသော စွန့်ပစ် မြေစေးများအား မြစ်ထဲသို့ တိုက် ရိုက်စွန့်ပစ်ကြသည်။
    တစ်နေ့လျှင် ဖြုန်းဆိုင်းတစ် ဆိုင်း၌ ရွှေအချိန် ၉ ကျပ်သားခန့် ရရှိပြီး ယခုလက်ရှိ ရွှေမှော်အ တွင်း၌  ရွှေအကြမ်းပေါက်ဈေးမှာ တစ်ရွေးလျှင် ၄\၈၀၀ကျပ်ရှိသည်။ ယင်းပေါက်ဈေးသည် ယခုနောက်ပိုင်း ဈေးတက်လာသော ပေါက်ဈေးဖြစ်ကြောင်း သိရှိရသည်။