ဧရာဝတီမြစ်၏ ရေအရည်အသွေးတိုင်းတာမှုကို ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ် တိုင်းတာမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြစ်ကြောင်းတစ်လျှောက်ရှိ ဆိပ်ကမ်းသင်္ဘောကပ်ရ ဆိပ်ကမ်း၊ မြစ်ရေတင်စီမံကိန်းနှင့် စက်ရုံ၊ အလုပ်ရုံရှိရာ မြို့များတွင် တိုင်းတာမည်ဖြစ်ပြီး ရန်ကုန်မှ ဗန်းမော်မြို့အထိ စက်လှေဖြင့် ၁၀ ရက်အကြာ ရေအရည်အသွေးတိုင်းတာမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ထားသော အရည်အသွေးတိုင်းတာမှုသတ်မှတ်ချက်များအနက်မှ ၁၄ မျိုးကို တိုင်းတာ မည်ဖြစ်သည်။ တိုင်းတာမှုကို မြစ်၏ မျက်နှာပြင်ရှိ ရေနှင့်ရေအနက် ထက်ဝက်တို့ကို နှစ်ပိုင်းခွဲ၍တိုင်းတာမည်ဖြစ်သည်။ ၂၀၀၆ ခုနှစ်က မြစ်ကြီးနား မြို့မှ ရန်ကုန်မြို့အထိ ဧရာဝတီ မြစ်၏ ရေအရည်အသွေးတိုင်းတာမှုကို ပထမအကြိမ်တိုင်းတာခဲ့သည်။
တိုင်းတာမည့် ရေအရည်အသွေးများမှာ သံဓာတ်၊ ကလိုရိုက်၊ ကလိုရင်း (အကာလီနတီ)အက်ဆစ်ဂုဏ်သတ္တိ၊ ရေစေးရေသွက်၊ အမိုးနီးယား နိုက်ထရိုက်၊ နိုက်ထရက်၊ ဖလိုစရိုက်၊ အနည်ပါဝင်မှုနှင့် မြစ်၏ အရည်အသွေး တိုင်းတာမှုကို PH Level တို့ဖြစ်သည်။


