May 20, 2012

ကျောက်တော်-မြောက်ဦးကားလမ်း ၀ဲယာတစ်လျှောက် သစ်ပင် ၁၂၀၀၀ စိုက်ပျိုးမည်

Photo
7Day News Journal
စစ်တွေ၊ဖေဖော်ဝါရီ-၈

မင်းသိန်းအောင်

ရခိုင်ပြည်နယ် စစ်တွေ-အမ်း-ရန်ကုန်သို့ဆက်သွယ်ထားသည့် အဝေးပြေးကားလမ်းမကြီးတွင်ပါဝင်သော ကျောက်တော်-မြောက်ဦးလမ်းပိုင်းဝဲယာတစ်လျှောက်၌ အ
ရိပ်ရ နှစ်ရှည်ပင် ၁၂၀၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့နယ် သစ်တော ဦးစီးဌာနမှ ဦးဆောင်၍စိုက်ပျိုးသွားမည်ဖြစ်ကာ ကျွန်းပင်၂၀၀၀၊ ပျဉ်းကတိုးပင် ၃၀၀၀ နှင့် ယူကလစ်ပင် ၇၀၀၀ တို့ကို စိုက်ပျိုးရန် စီစဉ်ထားပြီးဖြစ်သည်။ စိုက်ပျိုး မည့်အစီအစဉ်ကို လာမည့်ဇွန်လတွင် စတင်အကောင်အထည်ဖော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောကြားသည်။

အဆိုပါသစ်ပင်စိုက်ပျိုးမှုကို မြောက်ဦးမြို့နယ် အုတ်ဖိုကန် ကျေးရွာအနီး အဘောင်တော် အင်းမှ လင်းမြေတောင်ဘုရားအ ကျော် တစ်မိုင်ခန့်အထိ စိုက်ပျိုးသွားမည်ဖြစ်ရာ အဘောင်တော် အင်း  အနီးရှိ  မိုင်တိုင်အမှတ် (၁၁၂/၆)မှ (၁၂၄/၅)ရှည်လျား မည်ဖြစ်ကြောင်းသိရသည်။“လက်ရှိအခြေအနေအရ စစ်တွေ-မြောက်ဦး ကားလမ်း ဘေးဝဲယာတစ်လျှောက်မှာ အရိပ် ရသစ်ပင်တွေနည်းပါတယ်။ အရင်ကဌာနဆိုင်ရာတွေက စိုက်ပျိုး ခဲ့တာတွေရှိခဲ့တယ်။ ဒါပေမဲ့ဒေသခံတွေနဲ့ ကျွဲနွားတွေကြောင့် ပျက်စီးခဲ့ရတာချည်းပဲ။ ခုစိုက်ပျိုး မယ့်အစီအစဉ်မှာ စိုက်ပြီးခါစအပင်တွေကို ဒေသခံတွေအနေနဲ့ အသိစိတ်ရှိရှိနဲ့ အပင်တွေကြီးလာတဲ့ အထိ ထိန်းသိမ်းဖို့တော့လိုအပ်တယ်”ဟု မြောက်ဦးမြို့ခံတစ်ဦးကပြောကြားသည်။