မွန်ဂိုလီးယားနှင့် အဝေးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်တွင် အနီကတ်ပြသခံခဲ့ရသည့် မြန်မာအသင်း တိုက်စစ်မှူး ကျော်ကိုကိုအား ဖီဖာစည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဒဏ်ကြေးကန် ဒေါ် လာ ၂၅၀၀ ပြစ်ဒဏ်ချမှတ်အရေးယူခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က မွန်ဂိုလီးယားနိုင်ငံတွင် ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်၌ မြန်မာအသင်းသည် တစ်ဂိုး-ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့ပြီး ဒုတိယပိုင်းပွဲပြီးခါနီးအချိန်တွင် ကွင်း လယ်ဒိုင်က ကျော်ကိုကိုအား တိုက်ရိုက်အနီဖြင့် ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
““အဲဒီတုန်းက ကျွန်တော်က ရည်ရွယ်ချက်ရှိရှိခဲ့တာလည်း မဟုတ်ပါဘူး။ ဘောလုံးတောင်းပြီး လမ်းကြောင်းအတိုင်း ပြေးတာကို တစ်ဖက်နောက်ခံလူက လမ်းကြောင်းပိတ်တော့ ၀င်တိုက်
မိတာပါ။ မပြင်းထန်ပါဘူး။ အနီကတ်ကြောင့်တစ်ပွဲပယ်ခံ ရပြီးပါပြီ။ ခုလို သီးခြားပြစ်ဒဏ်လည်း ထပ်ချမှတ်တယ်ဆိုတော့ နားမလည်ဖြစ်ရပါတယ်””ဟု ကျော်ကိုကိုကပြောသည်။
အဆိုပါအနီကတ်ပြစ်ဒဏ်ကြောင့်ကျော်ကိုကိုသည် မွန်ဂို လီးယားနှင့်အိမ်ကွင်း(ဒုတိယအကျော့)ပွဲစဉ်တွင်ပါဝင်ခွင့်မရှိခဲ့ သော်လည်း မြန်မာအသင်းသည် နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ
ခဲ့သည်။ ယခုချမှတ်ခံရသော ဒဏ်ကြေးငွေအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပေးဆောင်သွားမည်ဖြစ်ကြောင်းတာဝန်ရှိသူတစ်ဦးကပြောသည်။


