အလှူအတန်းရာသီပွဲလမ်းသဘင်ရာသီလို့ဆိုနိုင်လောက်အောင် ပွဲတွေပေါများလှတဲ့ ယခုအချိန်မှာ ပွဲတက်ဖို့အတွက် အမျိုးသားရော အမျိုးသမီးရော အ၀တ်အစားလိုအပ်လာပါပြီ။
အမျိုးသမီးတွေအတွက်ရိုးရာအလှူပွဲတွေ မင်္ဂလာဆောင်လို အခမ်းအနားတွေကိုသွားဖို့အတွက် အ၀တ်အစားဝယ်လို့ရမယ့် ဆိုင်လေးကို ဒီတစ်ပတ်မှာဈေးဝယ် လမ်းညွှန်ပေးလိုက်ပါတယ်။ရိုးရာချည်ထည်၊ ပိုးထည်တွေ အပါအ၀င်ရိုးရာဝတ်စုံတွေကို အသင့်ချုပ်ပြီးသားရော၊ မချုပ်ရသေးတာတွေပါ ရနိုင်တဲ့ဆိုင်ပါ။
ရိုးရာဝတ်စုံကို ပွဲတက်အခမ်းအနားအတွက်တင်မကဘဲ နေ့စဉ်ထသွားထလာပါဝတ်လို့ရတဲ့ ၀တ်စုံတွေပါ ရနိုင်တဲ့အတွက် ကိုယ်လိုချင်တဲ့ အတိုင်းလည်း စိတ်တိုင်းကျအပ်ပြီးဝတ်လို့ရနိုင်ပါသေးတယ်။
ပွဲတက်အခမ်းအနားတွေအတွက် ၀တ်စုံဆိုရင်လည်း ကိုယ်သွားမယ့်ပွဲပေါ်မူတည်ပြီး ၀တ်စုံရဲ့ တန်ဖိုးနဲ့ ပုံစံကိုလည်း ရွေးချယ်လို့ရပါတယ်။
ဝတ်မယ့်သူရဲ့ စိတ်ကြိုက် အကျဉ်းအကျယ်ကိုလည်း ဆိုင်က အဆင်ပြေအောင်ပြုပြင်ပေးမှာဖြစ်ပြီး ၀တ်စုံကို ချိတ်ပုံစံ၊ ချည်ပွန် အမျိုးအစားစုံ၊ ဆေးရေးထည်စသဖြင့်လည်းစိတ်တိုင်းကျရွေးချယ်နိုင်ပါသေးတယ်။ ဈေးနှုန်းကတော့ လုံချည်တစ်ထည်ကို တစ်သောင်းကျော်လောက်ကနေ တစ် သိန်းဝန်းကျင်ထိ ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။
အကျတွေရဲ့ ဈေးနှုန်းကလည်း ပိတ်စနဲ့ အကျမှာသုံးထားတဲ့ အဆင်တန်ဆာတွေပေါ်မူတည်ပြီးကျပ်တစ်သောင်းခန့်ကနေ အစားစားသတ်မှတ်ထားပါတယ်။
ပွဲတက်ဖို့ကြိုမသိလို့ အ၀တ်အစားချုပ်ချိန်မရသူအမျိုးသမီးတွေအတွက်တော့ ဒီဆိုင်မှာ ထဘီ၊အကျကစ ပိုးသားနဲ့ပြုလုပ်တဲ့ လက်ကိုင်အိတ်ထိအမျိုးစုံရနိုင်တာမို့ ပွဲတက်ဝတ်စုံက ပြည့်စုံနိုင်မှာသေချာပါတယ်။ အမျိုးသမီးတွေအတွက် ပွဲတက်ဝတ်စုံလှလှတွေကိုရနိုင်တဲ့ ဒီဆိုင်ရဲ့ လိပ်စာကတော့ အင်းစိန်လမ်းမကြီး စံရိပ်ငြိမ်မှတ်တိုင်အနီးက မျိုးမျိုးအထည်ဆိုင်မှာပါလို့ လမ်းညွှန်ပေးလိုက်ပါတယ်။


