May 20, 2012

ဆောက်လုပ်ဆဲ ရှစ်ထပ်တိုက်တွင် ၁၅ မိနစ်ကြာ မီးလောင်

Photo
7Day News Journal
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၈

အိဖြူလွင်၊ ယုဇနကိုကို
ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၃၂လမ်းအထက်ဘလောက်တွင် အချောသတ်နေဆဲ မိုးသောက်ပန်းဆောက်လုပ်ရေးကဆောက်လုပ်နေသော ရှစ်ထပ်တိုက်အပေါ်ဆုံး ထပ်၌ ယနေ့ညနေက မီးလောင်မှုစတင်ဖြစ်ပွားပြီး ၁၅မိနစ်အကြာ၌  မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှသိရသည်။

ညနေ၄ နာရီ မိနစ် ၄၀ တွင် စတင်လောင်ခဲ့သော မီးလောင်မှုကို ၄နာရီ ၅၅ မိနစ်တွင် ငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုအကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနကပြောကြားသည်။ အဆိုပါတိုက်တွင် လေးလွှာမှ ရှစ်လွှာအထိ အခန်းပေါင်း ၆၀ ကျော်ဖြင့် တည်းခိုခန်းဖွင့်လှစ်နိုင်ရန်ပြင်ဆင်မှု များလုပ်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယင်းတိုက်မှ ဆောက် လုပ်ရေးဝန်ထမ်းတစ်ဦးကပြောသည်။ မီးလောင်မှုကို ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ထားသည်။