May 20, 2012

ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုန်ဖော်ထုတ်မှုနှင့်ပတ်သက်၍ မီဒီယာသို့ ရှင်းလင်း

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၆

ရန်ကုန်စက်မှုဇုန် အပိုင်း(၄) အကောင်အထည်ဖော်မှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ ခွင့်ပြုချက်တင် ရန် သက်ဆိုင်ရာမှ စာထုတ်ထားသည်ဆို ခြင်းကို ဇေကမ္ဘာကုမ္ပဏီက မရရှိသေးကြောင်း ဖေဖော်ဝါရီ ၁၄ရက်က ကုမ္ပဏီမှ တာဝန်ရှိသူများ  မီဒီယာများသို့  ရှင်းလင်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စုတွင် ရန်ကုန် စက်မှုဇုန်(၄)အကောင်အထည် ဖော်နေမှုခွင့်ပြုချက်တင်ပြရန်နှင့်ခွင့်ပြချက် မရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပါက လယ်မြေဖျက်ဆီးခြင်းအဖြစ် သတ်မှတ် အရေးယူသွားမည်ဟု  ပြည်တွင်းထုတ်ဂျာနယ် တစ်စောင်နှင့် ပြည်ပသတင်းမီဒီယာတစ်ခု၏ ထုတ်လွှင့်မှုအပေါ် ကုမ္ပဏီမှ တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းခြင်းဖြစ်သည်။

“တိုင်းဒေသကြီးက ထုတ် ပြန်တဲ့ စာတစ်စုံတစ်ရာ ကုမ္ပဏီကို မရောက်လာသေးဘူး”ဟု ဇေကမ္ဘာကုမ္ပဏီမှ အထွေထွေ မန်နေဂျာဒေါ်မီမီသိန်းတန်က ဆိုသည်။ ဇေကမ္ဘာ  ကုမ္ပဏီသည် မင်္ဂလာဒုံမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ ခွင့်ပြု ချက်ဖြင့် အိမ်ရာနှင့် စက်မှုဇုန်များအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက် ရာတွင် စက်မှုဇုန် ၁၊ ၂၊ ၃ ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်သည်။ မြေဧက ၁၀၀၀ ကျော် သည့် စက်မှုဇုန်(၄) အကောင်အ ထည်ဖော်ရာရန် လန (၃၉)ကို လျှောက်ထားခဲ့ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူများက ဆိုသည်။ “လယ်မြေမဟုတ်တဲ့ မြေ လွတ်မြေရိုင်းကို စက်မှုဇုန်ဖော်ထုတ်ဖို့ ကိုနိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ရန်ကုန်တိုင်းကို ခွင့်ပြုချက်ပြန်ချပေးပြီးပြီ”ဟု ဒေါ်မီမီသိန်းက ပြောကြားသည်။

အဆိုပါ စက်မှုဇုန်(၄) ကို အကောင်အထည်ဖော်မည့် ရွှေနံ့ သာကျေးရွာအုပ်စုမှာ လယ်မြေများအတွက် တစ်ဧကလျှင် ကျပ် သုံးသိန်းဖြင့် လယ်သမားများအား ကရုဏာ ကြေး(လျော်ကြေး)ပေးခဲ့ကြောင်း အထက်ပါ  ပုဂ္ဂိုလ်ကပြောသည်။  ဇေကမ္ဘာကုမ္ပဏီသည်  ရန်ကုန်စက်မှုဇုန်(၄)အတွက် မြေတစ်ဧကလျှင်ကျပ်သိန်း ၄၄ သိန်းနှုန်းဖြင့် ရန်ကုန်တိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနမှ ၀ယ်ယူခဲ့သည်။ အဆိုပါမြေကွက်များကို ဇေကမ္ဘာကုမ္ပဏီက ကျပ်သိန်း ၄၀၀ ဖြင့် ပြန်လည်ရောင်းချကြောင်း သိရသည်။    “လမ်းဖောက်တာ၊ ရေကြောင်းသွယ်၊ မီးသွယ်တာနဲ့ အခြားဝန်ဆောင်စရိတ်တွေကြောင့် အခုလို ဈေးများတာပါ” ဟု အဆို ပါ ကုမ္ပဏီမှ အထွေထွေမန်နေဂျာ က ရှင်းပြသည်။