အမေရိကန်ဒေါ်လာနှင့် အက်ဖ်အီးစီတန်ဖိုးများ ကျဆင်းနေမှုကြောင့် ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးများအပါအ၀င် အခြားသောခရီးသွားဒေသမှ ဟိုတယ်များ၏ အခန်းခများအား ယခုနှစ်ဆန်းပိုင်းမှစ၍ တိုးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။
““ငွေဈေးကသာ ကျတာ၊ တခြားဟိုတယ်သုံးအသုံးအဆောင် ပစ္စည်းဈေးက မကျတော့ ဘယ်လို မှမကိုက်တော့ဘူး။ ဒါကြောင့် ပျမ်းမျှ ဆယ်ရာခိုင်နှုန်းလောက်တိုးလိုက်တာပါ””ဟု ချက်ထရီယမ် ဟိုတယ်မှတာဝန်ရှိသူကပြောသည်။
ထို့အပြင် ရန်ကုန်မြို့ရှိ ပါ့ခ် ရွိုင်ရယ်ဟိုတယ်၊ ၀င်းနားအင်း၊ ကန်တော်ကြီးပဲလေ့စ်နှင့် အင်းလေး ဒေသရှိဟိုတယ်များမှာလည်း ဇန်န၀ါရီလဆန်းမှစ၍ အခန်းခများ ဈေးတက်သွားကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးကပြောသည်။
““အခန်းတစ်ခန်းရဲ့ ငှားလို့ ရတဲ့ဝင်ငွေကို တွက်ကြည့်တာ အခုငွေဈေးနှုန်းနဲ့ ဘယ်လိုမှမကိုက်တော့တဲ့အတွက် ဈေးတက်ဖို့ဖြစ်လာရတာပါ””ဟု အင်းလေးဒေသခံခရီးသွား လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟို တယ်ကြီးအချို့သည် အက်ဖ်အီးစီ နှင့်အမေရိကန်ဒေါ်လာတန်ဖိုးကျ ဆင်းလာသော စက်တင်ဘာလ ဆန်းမှစ၍ ၀န်ထမ်းများအတွက် လစာငွေအား အက်ဖ်အီးစီတစ်ယူ နစ်လျှင် ကျပ်တစ်ထောင်နှုန်းဖြင့် တွက်၍ မြန်မာကျပ်ငွေဖြင့် ပေးချေလာကြသည်။
ယခု ရောင်းချ သောအခန်းခ ဈေးများမှာ ငွေလဲလှယ်နှုန်း ကျပ်တစ်ထောင်ခန့်ဖြင့်တွက်ချက်၍ ပြီးခဲ့သည့်နှစ်က သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် ယခင်နှစ်များက အက်ဖ်အီးစီတစ်ယူနစ်နှင့် အမေ ရိကန်တစ်ဒေါ်လာ၏ ပြင်ပပေါက်ဈေးမှာ ကျပ်တစ်ဆယ်ခန့်သာ ကွာခြားသော်လည်း ယခုနှစ်အ တွင်း ကျပ်ငါးဆယ်ခန့်အထိ ခြား နားသွားပြီဖြစ်သည်။
ထို့ကြောင့် ဟိုတယ်များအား ငွေပေးချေမှုနှင့်ပတ်သက်၍ ဘဏ်အကောင့်ရှိသော ဟိုတယ်များကိုသာ Air Transfer ဖြင့် ခရီးသွားကုမ္ပဏီများက ပေးချေကြရန်နှင့် ဘဏ်အကောင့်မရှိသောဟိုတယ်များအား အက်ဖ်အီးစီကို အမေရိကန်ဒေါ်လာတန်ဖိုးအတိုင်း လက်ခံပေးရန် သက်ဆိုင်ရာက ညွှန်ကြားခဲ့သည်။ ဈေးမတက်မီက ဟိုတယ် အခန်းခဈေးနှုန်းများ ပါဝင်သော မြန်မာနိုင်ငံမှ ရောင်းချသည့် Package Tour ခရီးစဉ်များတွင် ဈေးနှုန်းများမှာ အခြားအာဆီယံနိုင်ငံများ၏ ဈေးနှုန်းထက် မြင့်မားနေကြောင်း ခရီးသွား
လုပ်ငန်းရှင်အချို့ကဆိုသည်။
ယခုလက်ရှိ ပြင်ပဈေးကွက် တွင် အက်ဖ်အီးစီတစ်ယူနစ်လျှင် ၈၀၅ ကျပ်ဝန်းကျင် ဈေးရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၈၂၅ ကျပ်ဝန်းကျင် ဈေးရှိကြောင်း သိရှိရသည်။


