စည်းရုံးရေးခရီးစဉ်များဆက်တိုက်သွားနေသော ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေအားစစ်ဆေးကြည့်ရာတွင်ရလာဒ်မှာကောင်းမွန်ကြောင်း မိသားစုဆရာဝန်ဒေါက်တာတင်မျိုးဝင်းက ဖေဖော်ဝါရီ ၂၁ရက်တွင်ပြောသည်။
“အမ(ဒေါ်အောင်ဆန်းစု ကြည်)ကျန်းမာရေးက ဒေါင်ဒေါင်မည်ပဲ။ အရိုးပွခြင်းလည်းမရှိဘူး။ အသည်းတွေကျောက်ကပ်တွေလည်း အကုန်ကောင်းပါတယ်”ဟု ဒေါက်တာတင်မျိုးဝင်းကပြောသည်။ စည်းရုံးရေးခရီးစဉ်များဆက်တိုက်ထွက်ရန်ရှိသော ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအား ဖေဖော်ဝါရီလ ၁၃ ရက်ညနေ၆နာရီခန့်တွင် မကြာခင်က အသစ်ဖွင့်လှစ်ခဲ့သော ၀ိတိုရိယဆေးရုံတွင်သွား ရောက်စစ်ဆေးခဲ့သည်။ “အရိုးပွခြင်းရှိမရှိနဲ့သွေးစစ်သွားတာပါ။ ဆရာတင်မျိုးဝင်းက ဦးစီးပြီးလုပ်တာပါ”ဟု ၀ိတိုရိယဆေးရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


