စောရန်နိုင်၊ သန်းဌေး
နွားများတွင် ပေါင်ပုပ်လက်ပုပ်နာ ရောဂါ ဖြစ်ပွားနေသောကြောင့် မကွေးတိုင်းဒေသကြီးအတွင်း နွား ၁၁ ကောင် သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။
သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့ နယ်အတွင်းရှိ အင်ယုံရွာတွင် ဖေဖေါ်ဝါရီ ၂ ရက်က နွားထီး ၆ ကောင်နှင့် နွားမ ၅ ကောင် စုစုပေါင်း ၁၁ ကောင်မှာ ပေါင်ပုပ် လက်ပုပ်နာရောဂါဖြင့် သေဆုံး ခဲ့ကြောင်း နွားအကောင် ၄၀ မွေး မြူထားသည့် အမျိုးသမီးတစ်ဦး ကပြောသည်။ယခင်နှစ်ကလည်း မကွေးမြ သလွန်ဘုရား မြောက်ဘက်ရှိ ၀ါးတောချောင်းရွာတွင် အဆိုပါ ရောဂါဖြင့်ပင် နွား ၁၀ ကောင် သေဆုံးခဲ့ဖူးကြောင်း အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်းပြောသည်။
ထို့ကြောင့် တိရစာန် မွေးမြူရေးနှင့်ကုသရေးဌာနမှ ကွင်းဆင်းစစ်ဆေးကာ အဆိုပါ ကျေးရွာရှိ အသက်မသေဆုံးသေးသောနွား ၈၇ ကောင်အား ကာကွယ်ဆေး များထိုးပေးခဲ့ကြောင်း သတင်းရရှိသည်။“ဓာတ်ခွဲခန်းကိုတော့ နမူနာ ပစ္စည်းတွေ မပို့သေးတော့ အတည် မပြုနိုင်သေးဘူး”ဟု ရန်ကုန်မြို့ရှိ တိရစ္ဆာန်ရောဂါ ရှာဖွေရေးနှင့် ထိန်းချုပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။


