လယ်ယာထွက်သီးနှံတစ်ခုဖြစ် သည့် ဖရဲသီးများကို နှစ်စဉ်ဘင်္ဂ လားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိရာ ယခုနှစ်တွင်မောင်တောနယ်စပ်ကုန်သွယ်ရေးမှ တန်ချိန် ၁၀၀၀
ကျော်တင်ပို့နိုင်ရန် ရည်ရွယ်ထားကြောင်း ရိုးမအားမာန်ထရေးဒင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
“အခုတော့ သိပ်မထွက်သေးတဲ့အတွက် မတင်ပို့နိုင်သေးပါ ဘူး။ ဒေသက အသီးအထွက်များ လာတဲ့မတ်လလောက်ဆိုရင် စတင်ပို့နိုင်မှာ ဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံက အော်ဒါတွေတော့ ရထားပါပြီ။ အရင်နှစ်တွေက ဘူးသီးတောင်၊ ရသေ့တောင်ထွက်တွေကို အများဆုံးတင်ပို့ခဲ့ရပါတယ်။ ဒီနှစ်တော့ ကျောက်တော်ဘက်ကပါမှာထားပါတယ်” ဟု ဆက်လက်ပြောသည်။
ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ တစ်နှစ်ထက်တစ်နှစ် ပိုမိုတင်ပို့လာနိုင်သည့်အတွက် ရခိုင်ပြည်နယ်ဒေသအသီးသီးတွင် ဖရဲသီးများကို တိုးချဲ့စိုက်ပျိုးလာကြပြီး
ယခုအခါကျောက်တော်ဒေသထွက်များကိုပါ ၀ယ်ယူတင်ပို့သွားမည် ဖြစ်သဖြင့် ဖရဲစိုက်တောင်သူများအတွက် ထိုက်သင့်သောဈေးရရှိ နိုင်မည်ဖြစ်ကြောင်းသိရသည်။ ဖရဲသီးများတင်ပို့ပါက အခွန် ၇ ရာခိုင်နှုန်းသာပေးဆောင်ရမည် ဖြစ်ကြောင်းသိရသည်။


