“ကမ္ဘာ့ရေတိမ်ဒေသများနေ့” အထိမ်းအမှတ်အဖြစ် ရေတိမ်ဒေသနှင့် သက်ဆိုင်သော ဓာတ်ပုံပြပွဲကျင်းပမည်ဖြစ်ရာ ယင်းပြပွဲတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်ဖြစ်ပြီး ယခုလ ၂၇ ရက်မှ ၂၉ ရက်ထိ နံနက် ၉ နာရီတွင် တော်ဝင်နှင်းဆီသီရီခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသင်းဥက္ကဋ္ဌဦးစိုးညွန့်ကပြောသည်။
အဆိုပါပြပွဲတွင် ဓာတ်ပုံပညာရှင် ၂၁ ဦး၏ ဓာတ်ပုံပေါင်း ၁၄၀ ကျော်ပြသမည်ဖြစ်ပြီး “ရေတိမ်ဒေသများကို ကာကွယ်စောင့်ရှောက်ကြ”အမည်ရှိ စာအုပ်များကို လာရောက်ကြည့်ရှုသူများအား အခမဲ့ဝေငှပေးမည်ဖြစ်ကြောင်းသိရသည်။ ပြပွဲတွင်ဓာတ်ပုံများကိုလည်း ရောင်းချမည်ဖြစ်ကြောင်းသတင်းရရှိသည်။


