ထူးသန့်၊ သန်းဌေး
ရေထွက်ပို့ကုန် တင်ပို့မှုမှ ကန်ဒေါ်လာသန်း ၆၀၀ ခန့်ရရှိနိုင်ပြီး ကာလတစ်လျှောက် အများဆုံးရရှိသည့် ဘဏ္ဍာနှစ်ဖြစ်ရန် နီးစပ်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီနှစ် သန်းခြောက်ရာဝန်းကျင် လောက်ရမယ်လို့ ခန့်မှန်းထားတယ်၊ ကျော်ဖို့အခြေအနေလည်းရှိတယ်”ဟု ၄င်းက ပြောသည်။ ယခုဘဏ္ဍာနှစ်တွင် ဇန်န၀ါရီ ၂၂ ရက်
အထိ ရေထွက်ကုန် ပြည်ပတင်ပို့မှုမှ ကန်ဒေါ်လာ ၄၉၂ ဒသမ ၁၉၈ ရရှိထားပြီးဖြစ် ကြောင်း ရေထွက်ကုန် ပြည်ပတင်ပို့မှုအရည်အသွေးစစ်ဆေးရေးဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန် ပြည်ပတင်ပို့မှုမှ ကန်ဒေါ်လာ ၅၆၁ ဒသမ ၀၂၃ သန်းရရှိခဲ့သည်။ ယခုနှစ်တွင် ကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန်လျာထားခဲ့သည်။ ရေထွက်ပို့ကုန်ကဏ္ဍတွင် မြန်မာ ကျပ်ငွေတန်ဖိုး မာလာခြင်း ကြောင့် ၂၀၁၁ ခုနှစ်က လုပ်ငန်းရှင်များအထိနာခဲ့သော်လည်း နိုင်ငံတော်မှ ကုန်သွယ်ခွန် ရှစ်ရာခိုင်နှုန်းကို လျှော့ချပေးခဲ့သည်။ ကဏန်းနှင့် ငါးရှဥ့်များအားတရုတ်နိုင်ငံမှ ထူးထူးခြားခြားဈေးနှုန်း မြင့်မားစွာပေးဝယ်ခဲ့ခြင်းကြောင့်လည်း ကုန်သွယ်မှုတန်ဖိုး မြင့်မားခဲ့ကြောင်း သတင်း ရရှိသည်။ကုန်ချောအဖြစ်တင်ပို့နိုင်ရန် နည်းပညာနှင့် အရင်းအနှီးလိုအပ်နေပြီး တိုင်းရင်းသားအမည်ခံကာ ပြည်ပလုပ်ငန်းရှင်များ လုပ်ကိုင်နေခြင်းကိုလည်း ၀န်ကြီးဌာနသို့ တင်ပြထားကြာင်း စုံစမ်းသိရှိရသည်။


