May 20, 2012

ရေကြောင်းတက္ကသိုလ် မဟာဘွဲ့သင်တန်းများ ဖွင့်လှစ်ရန် အတည်ပြုချက်စောင့်ဆိုင်းနေ

Photo
ရန်ကုန်၊ ဖေဖော်ဝါရီ-၁၈

ရေကြောင်းပညာတက္ကသိုလ်တွင် မဟာဘွဲ့သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရန် တက္ကသိုလ်များ ဗဟိုကောင်စီအစည်းအဝေး၏ အတည်ပြုချက်ကို စောင့်ဆိုင်းလျက် ရှိကြောင်း ပါမောက္ခချုပ် ဦးချာလီသန်းက ပြောသည်။

မဟာဘွဲ့သင်တန်းများ ဖွင့် လှစ်နိုင်ရန်အတွက် ဆရာ၊ ဆရာမ များကို ပြည်ပသို့ ပညာတော်သင်စေလွှတ်ထားပြီး  လာမည့်  ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သင် ကြားရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းသိရသည်။ “ဘွဲ့လွန်က ဒီနှစ်ဖွင့်ဖို့လုပ် နေတယ်။ တက္ကသိုလ်များ ဗဟိုကောင်စီ အစည်းအဝေးကို  စောင့်နေတယ်။ တက္ကသိုလ် များကောင်စီအစည်းအဝေးက အတည်ပြုပြီဆို ရင် ဆရာတို့ ဖွင့်နိုင်ပြီ။တက္ကသိုလ် က ဆရာ၊ ဆရာမတွေကို တရုတ် နဲ့ ဂျပန်တက္ကသိုလ်တွေကို လွှတ်ပြီး လေ့ကျင့် သင်ကြားထားပါ တယ်။ သူတို့တွေပြန်ရောက်တာနဲ့ ဖွင့်ခွင့်ရရင် ချက်ချင်းဖွင့်မှာပါ”ဟု ရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ်က ဆိုသည်။

ရေကြောင်းပညာ တက္ကသိုလ်တွင် ဒီဂရီဘွဲ့သင်တန်းတက်ရောက် ရန်    တက္ကသိုလ်ဝင်စာမေးပွဲ၌ စုစုပေါင်းရမှတ် ၄၀၀ နှင့် အထက်ရရှိထားရမည်ဖြစ်ပြီး၊ ပညာသင်
ကာလအတွင်း လိုအပ်သောသင်္ဘောကျင်းလုပ်သက်ရရှိရန်နှင့် တက္ကသိုလ်ပြင်ပ၌ တက်ရောက်ရမည့် အခြားသင်တန်းများကို လည်းမိမိအစီအစဉ်ဖြင့် တက်ရောက်ရ မည်ဖြစ်ကြောင်းသတ်မှတ်ထား သိရသည်။