ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲဝင်မည် ဆိုသည့်ဆုံးဖြတ်ချက်အား ထောက်ခံခဲ့ခြင်းသည်အင်မတန်စွန့်စားရသည့်ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုကိုကြီးကယနေ့ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဒုက္ခသုက္ခအ၀၀အားပြည်သူများနှင့်အတူ တနင့်တပိုး ခံစားပြီး
နောက်ပိုင်းလက်တွေ့ကျသည့် ရွေးချယ်မှုတစ်ခုအား စွန့်စားပြီးဆုံးဖြတ်ခဲ့ခြင်းသာဖြစ်ကြောင်း ကိုကိုကြီးကပြောသည်။ ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် ယခုကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ဘဲ လွှတ်တော်ပြင်ပနိုင်ငံရေးကိုသာလုပ်ဆောင်သွားမည်ဟုသိရသည်။
“၈၈မျိုးဆက်တွေထဲကတော့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်မှာမဟုတ်ပါဘူး။ သို့သော်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ရေးဆုံး ဖြတ်ချက်ကို အပြည့်အ၀ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ကိုကိုကြီးကပြောကြားသည်။ ၈၈မျိုးဆက်ကျောင်းသားများသည် တော်ဝင်စင်တာခုနစ်ထပ်၌ ယနေ့
ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားသွား ခြင်းဖြစ်သည်။


