ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း များကို နိုင်ငံတကာမှ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန် အတွက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်မည့် အ လုပ်ရုံဆွေးနွေးပွဲကို ပုဂံမြို့တွင် သုံးရက်အကြာပြုလုပ်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်အေးမိစိန်က ပြောသည်။
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းစီမံချက်အား ယူနက်စကိုနှင့် ပူးပေါင်းဆောင်ရွက်ရန် အီတလီနိုင်ငံကယူရိုငွေလေးသိန်းထောက်ပံ့ကြောင်း သဘောတူညီချက်အပြီး တစ်လခန့်အကြာတွင် ယင်းဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်သည်။ ယခုကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲတွင် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲဖြစ်ပြီး အထက်ပါဦးစီးဌာနနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှပညာရှင်များ၊ မြန်မာနိုင်ငံ ဗိသုကာပညာ ရှင်များအသင်းမှပညာရှင်များပူးပေါင်းဆွေး နွေးကြမည်ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မိုး ရေကြောင့် ထိခိုက်ပျက်စီးသော ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ စည်းမျဉ်းစံနှုန်းများဖြင့်ဆောင်
ရွက်နေသော ထိန်းသိမ်းမှုဆိုင်ရာ သီအိုရီများ၊ ရှေးဟောင်းသစ်သား ဘုန်းတော်ကြီးကျောင်းများ ဗိသု ကာအမွေအနှစ် ထိန်းသိမ်းခြင်း လုပ်ငန်းကို ဆွေးနွေးကြမည်ဖြစ် သည်။ယခုလက်ရှိ ထိန်းသိမ်းထား သော ပျူခေတ်နှင့် ပုဂံခေတ်စေ တီပုထိုးများနှင့် မြောက်ဦးဒေသ ရှိ ရှေးဟောင်းကျောက်အဆောက် အအုံများကို ထိန်းသိမ်းရာတွင် တွေ့ကြုံနေရသော အခက်အခဲ များကိုလည်းဆွေးနွေးကြမည်ဟုသိရသည်။ အလုပ်ရုံဆွေးနွေးပွဲကို ဖေ ဖော်ဝါရီ ၁၅ ရက်မှ ၁၇ ရက်အ ထိ ပုဂံမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။


