ဈေးနှုန်းအမြင့်ပိုင်းသို့ ရောက်ရှိလာပြီဖြစ်သော ရွှေဈေးနှုန်းများ တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းအောက်သို့ ပြန်လည်ကျဆင်းနိုင်ခြင်းမရှိဟု ရွှေလုပ်ငန်းရှင်များက ခန့်မှန်း နေကြသည်။
“အခု ရွှေဈေးက ဈေးအမြင့်ကို ရောက်လာပြီ။ အခုလက်ရှိ ဈေးထက်တော့ အများကြီးပြန်မကျနိုင်တော့ဘူး။ တစ်နှစ်လုံးတော့ မပြောတတ်သေးဘူး။ လတ်တလောက
တော့ ခုနစ်သိန်းအောက်ပြန်မကျနိုင်သေးဘူး”ဟု ဈေးကွက်ကျွမ်းကျင်သူ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
၂၀၁၁ နှစ်ကုန်ပိုင်းက အခေါက်ရွေတစ်ကျပ်သားလျှင် ကျပ် ၆၈၀၀၀၀ စွန်းစွန်းထိ ကျဆင်းခဲ့သော ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ယခုရက်
ပိုင်းတွင် ဈေးအမြင့်ပိုင်းဖြစ်သော ၇၂၀၀၀၀ ကျပ်ဝန်းကျင်ထိပင် ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
လဆန်းပိုင်းတွင် တစ်အောင်စလျှင် ၁၅၉၀ ဒေါ်လာကျော်၌သာ ရှိနေခဲ့သော ကမ္ဘာရွှေဈေးသည် ယခုရက်ပိုင်းတွင် ၁\၆၈၅ ဒေါ်လာဝန်းကျင်ထိ မြင့်တက်လာ သည်။“ရွှေဈေးတက်တာကတော့ အဓိကကကမ္ဘာ့ဈေးတက်နေတာကြောင့်ပဲ။ ဒီရက်မှာ ဒေါ်လာဈေးလည်း တက်ရိပ်ရှိတော့ ဈေးကတက်လာတာပေါ့။ ဈေးကအမြင့်ပိုင်းဆို
တော့ အရင်နဲ့စာရင် ၀ယ်အားတော့ အေးသွားတာပေါ”ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ရွှေဈေးနှုန်းများ ယခုကဲ့သို့ ဈေးအမြင့်ပိုင်းသို့ ပြန်လည်ရောက်ရှိလာ၍ အထည်ဈေးကွက် ၀ယ်လိုအားများ လျော့နည်းသွား ခြင်းမရှိသော်လည်း ၀ယ်စုသူများဈေးကွက်
ဖြစ်သော ဖြတ်စနှင့် လုပ်ငန်းရှင်များ ၀င်ရောက်လုပ်ကိုင်သောအပိုင်းဈေးကွက်တွင်ဝယ်လိုအားမှာ ထက်ဝက်နီးပါး ကျဆင်းနေပြီဟု ရွှေလုပ်ငန်းရှင်များကပြောသည်။


