ရွှေဈေးကွက်တွင် အရောင်းအ၀ယ်ကောင်းနေကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။
အခေါက်ရွှေတစ်ကျပ်သားလျှင် ၇၁၀၀၀၀ ကျပ်နှင့် ၇၂၀၀၀၀ ကျပ်ကြားတွင်ရှိနေခြင်းကြောင့် ဈေးနှုန်းကိုကြိုက်၍ ရောင်းသူဝယ်သူများနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။“ဒီဈေးတန်းက အ၀ယ်ရော၊ အရောင်းရော ကောင်းတဲ့ ကာလဖြစ်နေတယ်။ ဈေးအနိမ့်နဲ့ဝယ် ထားတဲ့သူတွေက ပြန်သွင်းတယ်။ တချို့ကလည်း အတက်မှန်းပြီး ၀ယ်တဲ့သူတွေရှိတယ်”ဟု ရွှေဆိုင်လုပ်ငန်းတာဝန်ခံတစ်ဦးကပြော သည်။ကမ္ဘာ့ရွှေဈေးနှုန်းမှာ ယခု ရက်ပိုင်းတွင် တစ်အောင်စလျှင် ၁၆၆၀ ဒေါ်လာကျော်တွင် ရှိနေပြီး ၁၀ ဒေါ်လာဝန်းကျင်သာ ဈေးနှုန်းအပြောင်းအလဲရှိနေသည်။ ထို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း ကျပ်ထောင်ဂဏန်းဝန်း ကျင်သာ ဈေးနှုန်းပြောင်းလဲမှုရှိသည်။
ရွှေလုပ်ငန်းရှင်အများစုက လက်ရှိရွှေဈေးနှုန်းသည် ဈေးနှုန်းအကျဘက်သို့ ပြန်မသွားနိုင်ဘဲ ဈေးနှုန်းဆက်တက်နိုင်သော အ နေအထားတွင်ရှိနေသည်ဟု ခန့် မှန်းပြောကြသည်။ပြည်တွင်းရွှေဈေးကွက်တွင် အထည်ဈေးကွက် ၀ယ်လိုအား မြင့်တက်လာသကဲ့သို့ အပိုင်းဈေး ကွက်နှင့် ဖြက်စ၀ယ်စုသော ဈေးကွက်၌လည်း ယခုတစ်ပတ်တွင် ၀ယ်လိုအား မြင့်တက်လာခဲ့သည် ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။ဈေးကွက်ဝယ်လိုအားများ မြင့်တက်သကဲ့သို့ ရွှေပြန်သွင်းသည့် ဈေးကွက်၌လည်း ပြန်သွင်း သူများသော ကာလဖြစ်နေသည်။ ယခုဇန်န၀ါရီ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၆၆၅ ဒေါ်လာရှိနေသည်။ ပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၁၆၅၀၀ ကျပ်ရှိပြီး ၁၅ ပဲရည်တစ်ကျပ်သား လျှင် ၆၆၀၀၀၀ ကျပ်ဖြင့် ဈေးကွက်တွင်း အရောင်းအ၀ယ်ရှိနေကြောင်း သိရသည်။


