Feb 23, 2012

ရွှေဈေးတက်

ရန်ကုန်၊ ဇန်န၀ါရီ-၁၁

ကမ္ဘာ့ရွှေဈေးများ မြင့်တက်လာခြင်းကြောင့် ပြည်တွင်းဈေးများ လည်း ဆက်တိုက်မြင့်တက်လာ ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

ကမ္ဘာ့ရွှေဈေးမှာ ပြီးခဲ့သည့်ရက်များက   တစ်အောင်စလျှင် ၁၅၉၀ ဒေါ်လာစွန်းစွန်းရှိနေရာမှ ခြောက်ရက်အတွင်း၌ ဒေါ်လာ ၅၀ ကျော်မြင့်တက်လာ၍ ယခုဇန်န၀ါရီ ၁၁ ရက်တွင် ၁၆၄၃ ဒေါ်လာထိရောက်ရှိလာသည်။ ထို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ဇန်န၀ါရီ ၁၁ က ၇၁၃၀၀၀ ကျပ်ထိ မြင့်တက်လာခဲ့သည်။
ရွှေဈေးနှုန်းအမြင့်ပိုင်းသို့ ရောက်ရှိလာခြင်းကြောင့် ဈေးကွက်ဝယ်လိုအားမှာ ယခင်ရက်များထက် လျော့နည်းသွားသော်လည်း ဈေးကွက်ဝယ်လိုအား ကောင်းနေဆဲဖြစ်ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များကပြောသည်။“ဈေးက အမြင့်ဈေးရောက် လာတော့ခုနစ်သိန်းကျတုန်းကနဲ့ စာရင်တော့ အရောင်းအ၀ယ်ပါး တယ်။ ဒါပေမဲ့ ၀ယ်လိုအားတော့ ကောင်းနေတုန်းပဲ။ ဈေးတက်ရင်လည်း ဆက်တက်နိုင်တယ်ဆိုပြီးဝယ်တဲ့သူရှိနေတော့ ရောင်းအား ကောင်းတယ်ပြောလို့ရနေသေး တယ်”” ဟု ရွှေဆိုင်လုပ်ငန်းရှင် တစ်ဦးက လက်ရှိဈေးကွက်အနေ အထားကို သုံးသပ်ပြောသည်။
ယခုလပိုင်းတွင် ရွှေဈေးနှုန်း အတက်အကျ မြန်နေသော်လည်း ဈေးနှုန်းကွာခြားမှုများစွာ ဖြစ်နိုင် ခြေမရှိကြောင်း အောင်သမာဓိရွှေဆိုင်မှ ဆိုင်တာဝန်ခံကိုဝင်းငယ်က ပြောသည်။ဈေးနှုန်းကျဆင်းပါကလည်း ယခု အနိမ့်ဆုံးရောက်ရှိခဲ့သော တစ်ကျပ်သားလျှင်  ၆၈၅၀၀၀ ကျပ်အောက်မရောက်နိုင်သကဲ့ သို့ ဈေးနှုန်းမြင့်တက်ပါလည်း လက်ရှိဈေးထက်များစွာ မြင့်တက်သွားခြင်းမျိုး မရှိနိုင်သေးကြောင်း ၎င်းက ခန့်မှန်းပြောသည်။