May 20, 2012

ရွှေဈေးနှုန်း ၆၆၅၀၀၀ ကျပ်အောက် စတင်ကျဆင်း

Photo
ရန်ကုန်၊ မေ-၁၈

ကမ္ဘာ့ရွှေဈေးနှုန်းများ ကျဆင်း နေခြင်းကြောင့် ပြည်တွင်းရွှေဈေး နှုန်းများမှာ တစ်ကျပ်သားလျှင်  ၆၆၅၀၀၀ ကျပ်အောက်သို့ စတင် ကျဆင်းလာခဲ့ကြောင်း ရွှေဈေး ကွက်တွင်းမှ သိရသည်။

    ကမ္ဘာ့ရွှေဈေးနှုန်းမှာ ပြီးခဲ့ သည့်ရက်ပိုင်းအတွင်း တစ်အောင် စလျှင် ၁၅၃၀ ဒေါ်လာဝန်းကျင်မှ ယခုရက်ပိုင်း ၁၄၈၅ ဒေါ်လာ ၀န်းကျင်ထိဈေးနှုန်းများ ကျဆင်းလာခဲ့သည်။ ထို့ကြောင့် ပြည်တွင်း ရွှေဈေးမှာလည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၇၅၀၀၀ ကျပ်ဝန်းကျင်မှ ၆၆၄၅၀၀ ကျပ်ထိ ကျဆင်းလာသည်။
    ယခုကဲ့သို့ ဈေးနှုန်းများ ကျဆင်းလာခြင်းကြောင့် ရွှေအရောင်းအ၀ယ်ဈေးကွက်တွင် အထည်ဈေးကွက် အရောင်းအ၀ယ်သွက်လာသကဲ့သို့ အပိုင်းဈေး ကွက်တွင်လည်း လုပ်ငန်းရှင်အချို့ပြန်လည် အရောင်းအ၀ယ်ပြုလုပ်လာခဲ့ကြောင်း သိရသည်။
    “ဒီဈေးက ကြိုက်ဈေးတန်း ဖြစ်နေတော့ အရောင်းအ၀ယ် ကောင်းတယ်။ အပိုင်းဈေးကွက် မှာဆို သင်္ကြန်ပြီးကတည်းက အရောင်းအ၀ယ်မဖြစ်တာ ဒီရက်ပိုင်းမှ ပြန်ဝယ်လာကြတယ်”ဟု ရွှေဆိုင် လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
    လက်ရှိကာလတွင် ပြည်တွင်းရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေ ပေါက်ဈေးနှင့်စာပါက တစ်ကျပ် သားလျှင် ၅၀၀၀ ကျပ်ဝန်းကျင် ဈေးမြင့်နေခဲ့ကြောင်း သိရသည်။ “ရွှေက အတက်အကျခန့်မှန်းရတော့ ခက်နေတယ်။ ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးကျရင်တော့ ဈေးက ဆက်ကျနိုင်တယ်။  ဒါပေမဲ့  ၆၅၀၀၀၀  ကျပ်အောက်တော့မကျနိုင် ဘူး”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။