May 20, 2012

ရွှေဈေး ဆက်တိုက်ကျ၍ ရောင်းအားတက်

Photo
ရန်ကုန်၊ဇန်န၀ါရီ - ၈

ပြည်တွင်းရွှေဈေး ကွက်တွင် ၂၀၁၁ နှစ်ဆန်းပိုင်းတွင် ရွှေဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေခြင်းကြောင့် ယခုတစ်ပတ်အတွင်း ရွှေ ရောင်းအားမြင့်တက်နေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များကပြော သည်။

    ရွှေရောင်းအားမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၅၀၀၀၀ ၀န်းကျင်မှစ၍ ရောင်းအားမြင့်တက်နေပြီး ယခုတစ်ပတ် အတွင်း ၆၃၁၀၀၀ ကျပ်အထိကျဆင်းခဲ့၍ အပိုင်းဈေးကွက် ရောင်း အားကောင်းနေခြင်းဖြစ်ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးကပြော သည်။    ယခုကဲ့သို့ ပြည်တွင်းရွှေဈေးနှုန်းများကျဆင်းနေခြင်းမှာ အင်္ဂလိပ်နှစ်သစ်ကူးကာလဖြစ်၍ ကမ္ဘာ့ရွှေဈေးကွက်တွင် အရောင်း
အ၀ယ်လုပ်မှုနည်းကာ ဈေးကျဆင်းနေခြင်းဖြစ်ကြောင်း ရွှေလုပ် ငန်းရှင်များက သုံးသပ်ပြောကြားသည်။
    ““ဒီရက်ပိုင်းမှာ ရောင်းအားက တော်တော်တက်လာတယ်။ မနေ့က စီးပွားရေးလုပ်ငန်းရှင်တချို့မှာ ဂယက်ရိုက်သွားတဲ့ သတင်း တွေကြောင့် ပိုဝယ်လာကြတယ်ပြောတယ်””ဟု ရွှေဆိုင်လုပ်ငန်းလုပ် ကိုင်နေသူတစ်ဦးကပြောသည်။
    ထို့ကြောင့် ကမ္ဘာ့ရွှေဈေးဆက်တိုက်ကျဆင်းနေသော်လည်း ပြည်တွင်းရွှေဈေးမှာ ဘဏ်လုပ်ငန်းနှင့်ဆက်စပ်နေသော လုပ်ငန်း အချို့ကြောင့် အ၀ယ်လိုက်လာ၍ ဈေးနှုန်းမှာလည်း ကျပ်ငါးထောင် ၀န်းကျင် မြင့်တက်လာခဲ့ကြောင်း လုပ်ငန်းရှင်အချို့ကပြောသည်။
    ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် ၁၃၆၉ ကန်ဒေါ်လာမှ ၁၃၅၉ ကန်ဒေါ်လာအထိကျဆင်းနေသော်လည်း ပြည်တွင်းရွှေဈေး
နှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၃၁၀၀၀ ကျပ်အထိမြင့် တက်နေခဲ့ကြောင်းသိရသည်။
    ထို့ကြောင့် ၁၅ ပဲရည် ရွှေဈေးနှုန်းမှာလည်း တစ်ကျပ်သားလျှင် ၅၉၄၈၀၀ ကျပ်မှ ၅၉၈၁၀၀ ကျပ်အထိ ပြန်လည်မြင့်တက်လာခဲ့ ကြောင်း သိရသည်။