မိုဘိုင်းဖုန်းများထက် ပြည်ပခေါ်ဆိုခ မြင့်မားလျက်ရှိသည့် အော်တိုတယ်လီဖုန်းများ၏ ပြည်ပအတွက်ခေါ်ဆိုခများအား လျှော့ချပေးသွားတော့မည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဣဒ္ဓိလှကပြောကြားသည်။
ပြည်တွင်း၌ တပ်ဆင်အသုံးပြုလျက်ရှိသည့် အော်တိုတယ်လီဖုန်းများ၏ ခေါ်ဆိုခ များမှာ မိုဘိုင်းများထက်များပြားနေခြင်းကြောင့်ပြောင်းလဲပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း အထက် ပါပုဂ္ဂိုလ်က ပြောကြားသည်။“ဖေဖော်ဝါရီလကုန်မှာ လျှော့ချပေးသွားဖို့ အတည်ပြုထားပါတယ်။ မကြာခင် ကြေညာပေးသွားမှာပါ”ဟု ဦးဣဒ္ဓိလှက ဇန်န၀ါရီ
၂၉ ရက်တွင် ပြုလုပ်ခဲ့သည့် ၅၀၀၀ ကျပ်တန်ဖုန်းလုပ်ငန်းစဉ် သတင်းစာရှင်းလင်းပွဲ၌သတင်းထောက်များအားပြောကြားသည်။
အလားတူပြည်ပအထွက် ခေါ်ဆိုရာတွင် နိုင်ငံတကာ အင် တာနက်ဖုန်းများဖြစ်သည့် Skype, Pfingo ကဲ့သို့သော NOIP ဖုန်းများထက် တန်ဖိုးနှုန်းသက်သာ
မည့် ရတနာပုံတယ်လီပို့စ်၏ YTalk အမည်ရှိ အင်တာနက်ဖုန်းဝန်ဆောင်မှုကိုလည်း ယခုလအတွင်း စတင်မည်ဟု၎င်းကပြောကြားခဲ့သည်။
အော်တိုတယ်လီဖုန်းများ၏ ပြောင်းလဲလျှော့ချပေးသွားမည့် နှုန်းများအား မကြာမီကာလအတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


